BREAKING
December 23, 2024

လောင်းလုံး၊ တောမိုးတောင်တွင် အလှူလာသည့်ကား သစ်ပင်ဝင်တိုက်မိပြီး ၁၄ ဦး ဒဏ်ရာရ

November 10, 2024

လောင်းလုံးမြို့နယ်၊ တောရှည်ရွာရှိ တောမိုးတောင်အဆင်းတွင် အလှူလာသည့်ကားတစ်စီး မတော်တဆမှုဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး ဒဏ်ရာရသွားကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါဟိုင်းလပ်ကားမှာ ကထိန်အလှုပြီး၍ ယနေ့ (နိုဝင်ဘာ ၁၀) နံနက် ၁၁ နာရီခွဲခန့်တွင် တောင်ပေါ်မှ ပြန်ဆင်းချိန် အကွေ့၌အရှိန်လွန်ကာ လမ်းနံဘေးရှိ ချိုင့်ထဲဆင်းသွားရာမှ သစ်ပင်ကိုတိုက်မိသွားခြင်း ဖြစ်ကြောင်း ယာဉ်ပေါ်ပါသူများထံမှသိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် အမျိုးသမီး ၁၁ ဦး၊ အမျိုသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။

“ကားက ပထမအကွေ့မှာ အရှိန်လွန်ပြီး လမ်းဘေးချိုင့်ထဲဆင်းသွားတာ၊ သစ်ပင်ကို တိုက်ပြီးတော့ ရပ်သွားတယ်လို့သိရတယ်။ စိုးရိမ်ရသူကတော့ အမျိုးသားတစ်ဦးရှိတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။

တနင်္သာရီတိုင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့ခံလူမှုကယ်ဆယ်ရေး အဖွဲ့များက ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူများကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်ပေါ်တွင် စုစုပေါင်း အမျိုးသား၊အမျိုးသမီး ၂၄ ဦးခန့်လိုက်ပါလာကြပြီး တောမိုးတောင်ပေါ်၌ ယနေ့ ကျင်းပသည့် ကထိန်အလှူကို ထားဝယ်မြိုနယ်၊ ဟိန္ဒားကျေးရွာမှ လာရောက်ကြခြင်းဖြစ်ကြောင်း ယာဉ်ပေါ်လိုက်ပါလာသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။