BREAKING
December 29, 2024

၀န်ထမ်းတစ်ဦးတွင် ကိုဗစ်ပိုးတွေ့သဖြင့် ကုမ္ပဏီဝင်းအတွင်းရှိ ကျန်ဝန်ထမ်း ၁၀ဝ ကျော်အား အပြင်ထွက်ခွင့်ပိတ်

November 10, 2020

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်အတွင်းရှိ ဗဲင်(န်)တေ့(ချ်)ကုမ္ပဏီ ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ကျန်ဝန်ထမ်း ၁၀ဝ ဦးကျော်မှာ ကုမ္ပဏီဝင်းအတွင်းတွင် နေထိုင်နေရကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

အဆိုပါကုမ္ပဏီတွင် အသက် ၂၅ နှစ်ရှိ အအေးခန်း အမျိုးသားဝန်ထမ်းမှာ အနံ့မရသဖြင့် နိုဝင်ဘာလ ၃ ရက်နေ့က မြိတ်ပြည်သူ့ဆေးရုံကြီးတွင် သွားရောက် ပြသရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကိုဗစ်ပိုးတွေ့သည့် အအေးခန်း ဝန်ထမ်းနှင့် လုပ်ငန်းအတူလုပ်ကိုင်နေသူ ၂၀ ဦးအား ကွာရန်တင်းစင်တာသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြိတ်ခရိုင်အရေး ပေါ်လူနာတင်ယာဉ်များအသင်းမှ သိရသည်။

လက်ရှိတွင် ကုမ္ပဏီအနေနှင့် လုပ်ငန်းရပ်နားထားရပြီး ကွာရန်တင်းစင်တာသို့ရောက်ရှိသူများနှင့် ကုမ္ပဏီဝင်းအတွင်းနေထိုင်သူတို့အား လုပ်ခလစာများ ဖြတ်တောက်မည်မဟုတ်ကြောင်း ကုမ္ပဏီရှိ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦး က ပြောပြသည်။

ကုမ္ပဏီဝင်းအတွင်းရှိ ဝန်ထမ်း ၁၀၃ ဦးတို့မှာ ၁၄ ရက်အထိနေထိုင်ရ မည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲ ပေးနိုင်မဟုတ်ပေ။

“ကြိုတင်ဆန္ဒမဲ ပေးဖို့အတွက် စီစဉ်နေတယ်” ဟု အထက်ပါ ဝန်ထမ်း က ပြောသည်။

မြိတ်မြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ဦးရေ ၈၁ ဦးရှိပြီး ဆေးဝါးကုသနေသူ ၈၄ ဦးနှင့် သက်သာပျောက်ကင်းသူ ၃၃ ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။

မြင့်မိုရ်(မြိတ်)