BREAKING
December 26, 2024

ရန်ကုန်တွင် ဆေးလာကုသည့် ထားဝယ်သားတစ်ဦး ပျောက်နေ

August 10, 2024

ပုံစာ - ဦးစိုးဝင်း

ရန်ကုန်တွင် ဆေးကုရန်လာသည့် ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင်ရွာမှ အမျိုးသားတစ်ဦး ဩဂုတ်လ ၆ ရက် ညက ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံကသိရသည်။

ပျောက်ဆုံးသူမှာ အသက် ၄၉ နှစ်အရွယ် ဦးစိုးဝင်းဆိုသူဖြစ်ပြီး ၎င်းတည်းခိုနေသည့် ဘုန်းကြီးကျောင်းမှ ရုတ်တရက်ပျောက်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦး ကဆိုသည်။

ဦးစိုးဝင်းသည် ဗဟန်းမြို့နယ် ၊ ရေတာရှည်လမ်းသစ် ၊ ရွှေကျင်ကျောင်းတိုက်တွင် မပျောက်ဆုံးမီအထိ ၎င်း၏ဇနီးနှင့်အတူ တည်းခိုနေထိုင်ခဲ့သည်။

“အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပျောက်သွားတာ၊ ဖိနပ်တောင်ပါမသွားဘူး။ မိုးပြာရောင်အင်္ကျီလက်တို နဲ့ လုံချည်ဝတ်ထားတယ် ။ သူက ကျန်းမာရေးလည်း မကောင်းဘူး ။ အရက်သောက်များတဲ့ဒဏ်ကြောင့် တခါတလေ ကြောင်သလိုဖြစ်တယ် ။ အဲဒါကြောင့် စိတ်ပူနေရတယ်” ဟု မိသားစုဝင်တစ်ဦး ကပြောသည်။

ယနေ့ဩဂုတ်လ ၁ဝ ရက်နေ့အထိ ပြန်ရှာမတွေ့သေးဘဲ ဗဟန်းရဲစခန်းတွင်လည်း လူပျောက်မှုတိုင်ကြားထားသည်ဟု ၎င်းကဆိုသည်။

ဇူလိုင်လဆန်းပိုင်းက ရန်ကုန်တိုင်း၊လသာမြို့နယ်တွင် ပျောက်‌ဆုံးသွားသည့် အသက် ၂ဝ ကျော်အရွယ် ထားဝယ်ဒေသခံလူငယ်တစ်ဦးလည်း ယနေ့အထိပြန်ရှာမတွေ့သေးကြောင်း ကာယကံရှင်မိသားစုနှင့် နီးစပ်သူများထံကသိရသည်။