BREAKING
February 28, 2025

ဆယ်ကျော်သက်ညီမလေးတို့အတွက် ဓာတ်ပုံသင်တန်း

August 10, 2020

Thuma Collective (သူမဓာတ်ပုံ အဖွဲ့)နှင့် Dawei Art Space တို့ပူးပေါင်း စီစဉ်သည့် ဆက်ကျော်သက် ညီမလေးတို့အတွက် ဓာတ်ပုံသင်တန်း ဖိတ်ခေါ် လျက်ရှိသည်။

အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား ဆက်ကျော်သက် မိန်းကလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ရန်ကုန်အခြေစိုက် သူမအဖွဲ့မှ ဓာတ်ပုံ ဆရာမများက ထားဝယ်မြို့တွင် လာရောက်သင်ကြားပေးသွားမည် ဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

ဓာတ်ပုံအနုပညာကို အသုံးပြုကာ ထုတ်ဖော်ပြောဆိုလိုသည်များကို ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုနိုင်အောင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကြေညာထား သည်။

သင်တန်းနှစ်ပိုင်းရှိပြီး ပထမပိုင်းမှာသြဂုတ်လ၂၂ရက်မှ၂၆ရက်နေ့အထိ၊ ဒုတိယပိုင်းမှာ အောက်တိုဘာ၉ရက်မှ ၁၁ရက်နေ့အထိ ဖြစ်သည်။ သင်တန်းနှစ် ပိုင်းစလုံး တက်ရောက်ရန် လိုအပ်မည် ဖြစ်သည်။

သင်တန်း လျှောက်လွှာများကို ထားဝယ်မြို့ရှိ Dawei Art Space တွင် ရယူနိုင်ပြီး သြဂုတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်သည်။