BREAKING
October 18, 2024

ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသော မြန်မာ ၁၆ ဦး ဖမ်းဆီးခံရ

July 10, 2024

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရန် အလုံပိတ် ကုန်တင်ကားအတွင်း တရားမဝင်လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၆ ဦးကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ နခွန်စဝမ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့သည်။

တာခ့်ခရိုင် မဲဆောက်မြို့က လာသော မသင်္ကာစရာ ကားနှစ်စီးကို ဖယူဟခီရီဒေသ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်ရှိ အာဏာပိုင်များက နံနက် ၁ နာရီအချိန်ခန့်တွင် တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ကုန်တင်ကားပေါ်တွင် သီးသန့်ပြုလုပ်ထားသော အလုံပိတ်အခန်းအတွင်း လိုက်ပါလာကြသော မြန်မာအမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ကားသမားအပါအဝင် ထိုင်းနိုင်ငံသား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံသားများကို မဲဆောက်မှ အယုဒ္ဓယသို့ ဘတ် ၁၀၀၀၀ ဖြင့် ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ကားသမားကလည်း ဝန်ခံထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံသား ၁၆ ဦးနှင့် ထိုင်းနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ရန်အတွက် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

Ref: Bangkok Post, MGR Online