








ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ(၃)ရွာရှိ ဈေးများသို့ သွားရောက်၍ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှုကို ယနေ့ (ဧပြီ ၁၀)ပြုလုပ်ခဲ့သည်။
“ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စည်းရုံးဟောပြောမှုများပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။