BREAKING
September 20, 2024

ထားဝယ်နှင့်မြိတ်တွင် ညမထွက်ရအချိန်ပြောင်း

April 10, 2021

ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် ညမထွက်ရသတ်မှတ်ထားသည့် အချိန်ကို ဧပြီလ ၉ ရက်နေ့မှစကာ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။

ယခင်က ညမထွက်ရအချိန်ကို ည ၈ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ လက်ရှိတွင် ည ၉ နာရီမှ နံနက်၄ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ ဖြေလျော့မှုနှင့် ပတ်သက်၍ ထားဝယ်မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။

ဒေသတွင်း တည်ငြိမ်မှုများရှိလာသည့်အတွက် ယင်းကဲ့သို့ ဖြေလျော့သည့် အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ဆိုသည်။

“အားလုံးတည်ငြိမ်အေးချမ်းလာတာဖြစ်တော့ အမိန့်အရ ဒီလိုဖြေလျော့ရတာပါ”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ညမထွက်ရ အပါအဝင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားသည်။

ထားဝယ်နှင့် မြိတ်မြို့နယ်အပြင် အခြားမြို့နယ်များတွင် ညမထွက်ရအချိန် ပြောင်းလဲခြင်းရှိ/ မရှိ စုံစမ်းနေဆဲဖြစ်သည်။