BREAKING
February 22, 2025

မီးဖိုချောင်သုံးကုန်များ စျေးကျနေသည့် ထားဝယ်ဈေးကွက်

February 10, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ အာလူးစသည့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးကျနေသည်။

ပြီးခဲ့သည့်သီတင်းပတ် ဖေဖော်ဝါရီလ ၁ ရက်က ကြက်သွန်နီတစ်ပိဿာ ၄,၀၀၀ ကျပ်စျေးရှိရာမှ ဖေဖော်ဝါရီ ၈ ရက်တွင် ၃,၆၀၀ ကျပ်၊ ကြက်သွန်ဖြူထူး ၅ တစ်ပိဿာ ၁၇,၀၀၀ ကျပ်မှ ၁၆,၅၀၀ ကျပ်၊ ကျူကုတ်ကြက်သွန်ဖြူ တစ်ပိဿာ ၁၇,၅၀၀ ကျပ်မှ ၁၆,၅၀၀ ကျပ်သို့ အသီးသီး ဈေးကျသွားခြင်းဖြစ်သည်။

ယင်းအပြင် ရွှေအပ်ငရုတ်ခြောက်ဈေးမှာလည်း ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်က တစ်ပိဿာ ၁၇,၅၀၀ ကျပ်စျေးရှိရာမှ ဖေဖော်ဝါရီလ ၈ရက်တွင် ၁၆,၅၀၀ ကျပ်၊ အာလူးတစ်ပိဿာ ၆,၃၀၀ ကျပ်မှ ၆,၀၀၀ ကျပ်သို့ ဈေးကျသွားသည်ကို တွေ့ရသည်။

တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် လေးရာကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ငါးရာကျပ်၊ ငရုတ်ခြောက်တစ်ပိဿာ တစ်ထောင်ကျပ် ၊ အာလူးတစ်ပိဿာ သုံးရာကျပ် အသီးသီးဈေးကျသွားခြင်းဖြစ်သည်။

ဆန်နှင့်အခြား မီးဖိုချောင်သုံးကုန်ပစ္စည်းများမှ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရသည်။

သို့သော် တစ်ပိဿာ နှစ်သောင်း ကျပ်ဖြင့် ဈေးငြိမ်နေသည့် ကြက်သားဈေးနှုန်းမှာ ယခုသီတင်းပတ်အတွင်း တစ်ပိဿာ ၁၈,၀၀၀ ကျပ်သာရှိ၍ ကြက်သားတစ်ပိဿာ နှစ်ထောင်ကျပ် ဈေးပြန်ကျလာသည်ကို တွေ့ရသည်။