စစ်အာဏာသိမ်းမှု ၃ နှစ်ရှိလာသော်လည်း မြန်မာပြည်သားများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံသားများက မြန်မာနိုင်ငံသားများနှင့်အတူ မြန်မာပြည်အတွက် လူထုတေးသံ အစီအစဉ်ကို ကျင်းပခဲ့သည်။
ယင်းအစီအစဉ်ကို ဘန်ကောက်မြို့ lido connect ခန်းမတွင် ယနေ့ညနေ ၄ နာရီမှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစီအစဉ်တွင် မြန်မာပြည်သူများ၏ အသံများ၊ သံချပ်များ၊ တော်လှန်ရေးသီချင်းများ ပါဝင်ခဲ့သည်။
အစီအစဉ်မှရရှိသော ရန်ပုံငွေများကို မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
ပွဲကျင်းပြရသည့်ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာက မမေ့စေရန်၊ ကျယ်ကျယ်လောင်လောင် ကြားနိုင်ရန် အဓိက ရည်ရွယ်ထားကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောသည်။









