BREAKING
September 21, 2024

ဆန်ဈေးပြန်တက်လာပြီး ဆီဈေးဆက်ငြိမ်နေသည့်ထားဝယ်ဈေးကွက်

February 10, 2023

ထားဝယ်တွင် ပြီးခဲ့သည့် နှစ်ပတ်ဆက်ငြိမ်နေသည့် ဆန်ဈေးသည် ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်တက်လာပြီး စားသုံးဆီဈေးမှာမူ ဆက်ငြိမ်နေဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၃ ရက်က တစ်အိတ်လျှင် ၆၄၅၀၀ ကျပ်သာ ပေးရသည့် အကယ်ဒမီတံဆိပ် ဆန်ကြမ်းမှာ ဖေဖော်ဝါရီလ ၁၀ ရက် ယနေ့တွင် တစ်အိတ်လျှင် ၇၀၅၀၀ ကျပ် ဖြစ်လာခဲ့သည်။

တစ်ပတ်အတွင်း အကယ်ဒမီဆန်ကြမ်း တစ်အိတ်ကို ၆၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ထိုနည်းတူ ပေါ်ဆန်းဆန် အကယ်ဒမီတံဆိပ် အစိမ်းရောင်အမျိုးအစားမှာလည်း ၂၄ ပြည်တစ်အိတ်ကို ဖေဖော်ဝါရီလ ၃ ရက်က ၈၅၅၀ဝကျပ် သာရှိရာမှ ယနေ့တွင် ၈၇၀၀ဝကျပ် ဖြစ်သွားသည်။

တစ်ပတ်အတွင်း ဆန်တစ်အိတ် ၁၅၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

စားသုံးဆီဈေးနှုန်းမှာ ဆက်တိုက်တည်ငြိမ်‌လျှက်ရှိသည်။

‌ထားဝယ်ဈေးကွက်တွင် အမေထွားတံဆိပ် စားသုံးဆီ တစ်လီတာ ၈၇၀၀ ကျပ်၊ ဇွဲတံဆိပ် ဆီတစ်ပိဿာ ၁၄၅၀ဝကျပ်၊‌ယိုးဒယားနေကြာဆီ တစ်လီတာ ၆၁၀၀ ကျပ်ဖြင့် ဈေးနှုန်းဆက်တိုက်ငြိမ်နေသည်။

သို့သော် ယခုတစ်ပတ်တွင် စားအုန်းဆီဈေးအနည်းငယ်တက်လာသည်။

ပြီးခဲ့သည့်အပတ်က ဆယ်ပိဿာဝင် ပုံးဝါဆီတစ်ပုံးကို ၆၅၅၀၀ ကျပ်သာရှိရာမှ ယနေ့တွင် တစ်ပုံးကို ၆၆၅၀ဝကျပ် ဖြစ်လာပြီး ၁၀၀ဝကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

သို့သော် ကြက်သွန်နီ်ဈေးမှာ ဆက်တိုက်ကျဆင်းနေသည်ကို တွေ့ရသည်။

ဒီဇင်ဘာပထမပတ်က တစ်ပိဿာ ကျပ် ၅၀၀၀ နီးပါးဖြင့် ဈေးအမြင့်ဘက်တွင်ရှိသည့် ကြက်သွန်နီဈေးမှာ ဒီဇင်ဘာ လကုန်ပိုင်းကစပြီး တဖြေးဖြေးကျဆင်းလာရာ ယနေ့တွင် တစ်ပိဿာ ၁၆၀ဝကျပ် ဝန်းကျင်ခန့်သာ ကျန်တော့သည်။