ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၁
ကမ္ဘာထင်ရှားတဲ့ လူမျိုးစုတိုင်းရင်းသားတစ်ခုဖြစ်တဲ့ ဆလုံတိုင်းရင်းသားတွေလည်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်လာကြပါတယ်။

ဆလုံတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ လန်ပိအမျိုးသား ဥယျာဉ် နယ်မြေ မကြုံဂလက် မော်ကင်းကျေးရွာမှာ ဒီနေ့ ဆန္ဒပြနေတဲ့ မြင်ကွင်းကို ဒေသခံတစ်ဦး မှတ်တမ်းတင်ထားတာပါ။

အဲဒီရွာမှာ နေထိုင်တဲ့ အခြားတိုင်းရင်းသားတွေ အပြင် လန်ပိအမျိုးသားဥယျာဉ်ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ သစ်တော အရာရှိ၊ ဝန်ထမ်းတွေလည်း အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။



Salon (Moken) people joined today’s protest in Makyone Galet village, against military coup in Myanmar.

Staff from Lampi Marine National Park also participated in the Civil Disobedience Movement (CDM) against the coup.
Dawei Watch