BREAKING
September 20, 2024

အာဏာသိမ်းပြီး ၂ နှစ်နီးပါးအကြာ မောင်းမကန်ကမ်းခြေ

January 10, 2023

အမြဲတမ်းစည်ကားနေလေ့ရှိသည့် မောင်းမကန်ကမ်းခြေမှာ စစ်အာဏာသိမ်းမှုနှင့်အတူ လူသူအရောက်အပေါက် နည်းပါးလျက်ရှိသည်။

ယခင်က ပွင့်လင်းရာသီတွင် ခရီးသွားများဖြင့် ပြည့်နေလေ့ရှိသော်လည်း လက်ရှိတွင်မူ တနင်္ဂနွေနေ့ကဲ့သို့ အားလပ်ရက်တွင်ပင် လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေသည်။

စစ်အာဏာသိမ်းဂယက်က ထားဝယ်ဒေသရှိ နာမည်ကြီးကမ်းခြေကို အထီးကျန်စေသည်အထိ ရိုက်ခတ်စေခဲ့သလို ကမ်းခြေအမှီပြု ရှာဖွေစားသောက်နေသူများအတွက်လည်း စီးပွားပျက်သည်အထိ အခက်ကြုံနေရသည်။

လုံခြုံမှုကင်းမဲ့သည့် အခြေအနေကြောင့် ကမ်းခြေတွင်သာမက မောင်းမကန်ရွာအတွင်း လမ်းပေါ်တွင်လည်း လူသူကြဲပါးနေသည်။

ဇန်နဝါရီလ ၈ ရက်(တနင်္ဂနွေနေ့)တွင် တွေ့ရသည့် မောင်းမကန်ကမ်းခြေ၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။