BREAKING
September 19, 2024

ပြိုင်ပွဲထိုးသတ်ဖို့အတွက် ဘန်ကောက်မြို့ကို အောင်လအန်ဆန်း ရောက်ရှိနေပြီ

January 10, 2023

ဓာတ်ပုံ - အောင်လအန်ဆန်း Facebook

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲထိုးသတ်ဖို့အတွက်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အောင်လအန်ဆန်းဟာ သူ့အသင်းနဲ့အတူ ဘန်ကောက်မြို့ဆီကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။ 

“ကျွန်တော့်ရဲ့လူထုတွေကို ကိုယ်စားပြုခွင့်ရရှိတဲ့အတွက် ဘုရားသခင်၊ ကျွန်တော့်ရဲ့မိသားစုနဲ့ ကျွန်တော့်ရဲ့အသင်းကို ကျေးဇူးတင်ပါတယ်”လို့ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။

အောင်လအန်ဆန်းဟာ အစောပိုင်းက တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ထိုးသတ်ဖို့ ပွဲစီစဉ်ထားခဲ့ပေမယ့် ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်သာ လိုတော့တဲ့အချိန်ကိုရောက်မှ ဖန်ရောင်းက ကိုဗစ်ကူးစက်မှုခံထားရကြောင်း သိရှိလိုက်ရတဲ့အတွက် ပြိုင်ဘက်ပြောင်းလဲလိုက်ရပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ကိုရောက်ရင် အောင်လအန်ဆန်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအို ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ CATCHWEIGHT တန်းပွဲစဉ်အဖြစ်ထိုးသတ်ကြလိမ့်မယ်လို့ သိရပါတယ်။

ဒီပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Impact Arena မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။