BREAKING
January 23, 2025

ထိုင်းထုတ်စားသုံးဆီနှင့် ငရုတ်ပုခြောက်ဈေးတက်သည့် ထားဝယ်ဈေးကွက်

August 9, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ထိုင်းနိုင်ငံထုတ် စားသုံးဆီဈေးတက်နေသည်။

ပဲလုံးတံဆိပ်စားသုံးဆီ တစ်လီတာ တစ်ဘူးဈေးမှာ ယခင်အပတ်က ၈၆၀၀ ကျပ်စျေးရှိရာမှ ယနေ့ ဩဂုတ်လ ၉ရက်တွင် ၉၄၀၀ကျပ် ဖြစ်လာသည်။

ငရုတ်ပုခြောက်ဈေးမှာ ယခင်အပတ်က တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ယနေ့ ၁၇၅၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ထိုင်းနိုင်ငံထုတ် ပဲလုံးတံဆိပ်စားသုံးဆီ တစ်လီတာ ကျပ် ၈၀၀ ဈေးတက်သွားပြီး ငရုတ်ပုခြောက်ဈေးမှာ တစ်ပိဿာ ၂၅၀၀ ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ယခင်အပတ်က ဈေးတက်ခဲ့သည့် အာလူး တစ်ပိဿာဈေးမှာ ယနေ့ ၅၅၀၀ကျပ်ဖြင့် အတက်ဈေးတွင် ငြိမ်နေသည်။

ယခင်အပတ်က ဈေးတက်သည့် ကျူကုတ်ကြက်သွန်မှာလည်း ဈေးဆက်တက်နေပြီး ယခင်အပတ်က တစ်ပိဿာ ၁၄၅၀၀ကျပ်စျေးရှိရာမှ ယနေ့ ၁၅၃၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ကျူကုတ်ကြက်သွန်တစ်ပိဿာ ၈၀၀ကျပ် ဈေးဆက်တက်သွားခြင်းဖြစ်သည်။

ဆန်ဈေးမှာ ရည်ညွှန်းဈေးနှုန်းများအတိုင်း ဈေးငြိမ်နေပြီး ပြည်တွင်းထုတ် စားသုံးဆီဈေးမှာလည်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။