ဖျက်သိမ်းခံလိုက်ရသော Move Forward ကို People’s Party အမည်ဖြင့် ပါတီသစ်ထောင်မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၉ ရက်တွင် ကြေညာသည်။
Move Forward ပါတီဝင်အမတ် ၁၄၀ ကျော်ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းတည်ထောင်မည့် People’s Party (ပြည်သူ့ပါတီ) ၏ နိုင်ငံရေးသဘောထားမှာ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနှင့် သဟာယစိတ်ဓာတ် ဟူသော ဆောင်ပုဒ်ဖြစ်သည်။
ပါတီခေါင်းဆောင်အဖြစ် ချူလာလောင်ကွန်းတက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာမေဂျာဖြင့် ဘွဲ့ရထားသော အသက် ၃၇ အရွယ်ရှိ Mr. Nattapong Ruangpanyawut ကို ခန့်အပ်လိုက်သည်။
၎င်းသည် ရွေးကောက်ပွဲတွင် နှစ်ကြိမ်အနိုင်ရရှိထားသော လူငယ်အမတ်တစ်ဦးဖြစ်သည်။
ဖျက်သိမ်းခံရသော Move Forward ပါတီ၏ လွှတ်တော်အမတ် ၁၄၃ ဦးစလုံးသည် ပါတီအသစ်ထံသို့ ပါတီဝင်များအဖြစ် လျှောက်ထားပြီးဖြစ်ကြောင်း ကြေညာသည်။
Move Forward ပါတီ ဖျက်သိမ်းမခံရမီ ပါတီဝင်လွှတ်တော်အမတ် ၁၄၈ နေရာရှိသည်။ ခုံရုံး၏ အမိန့်ကြောင့် ပါတီ ဦးဆောင်သူများ၏ အမတ်နေရာ ၅ နေရာလက်လွှတ်ရခြင်းဖြစ်သည်။
ပြီးခဲ့သောနှစ် မေလရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချလိုက်ပြီးနောက် ကျန်ရှိသောအမတ်များသည် လွှတ်တော်အမတ်နေရာ ဆက်လက်ရပ်တည်နိုင်ရန်အတွက် ပါတီအသစ်သို့ ပြောင်းရွှေ့ပါတီဝင်ရမည်ဖြစ်သည်။
Ref: Khaosod English, Thai Enquirer