BREAKING
April 22, 2025

ချင်းမိုင်တွင် စားသောက်ဆိုင်ပိုင်ရှင် မြန်မာတစ်ဦးနှင့် မြန်မာလုပ်သား ၁၀ဦး ဖမ်းဆီးခံရ

July 9, 2023

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စားသောက်ဆိုင် တရားမဝင် ဖွင့်လှစ်ရောင်းချနေသည့် မြန်မာဆိုင်ပိုင်ရှင်တစ်ဦးနှင့် မြန်မာအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးထားကြောင်း ချင်းမိုင် လဝကရုံးက ထုတ်ပြန်ထားသည်။

ချင်းမိုင်မြို့ ချန်ဖူ့အ်ဒေသရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ချင်းမိုင် လဝကရဲတပ်ဖွဲ့များနှင့် အာဏာပိုင်များက ဇူလိုင်လ ၆ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ဆေးစဉ်တွင် ဆိုင်ဖွင့်လှစ်ရောင်းချနေသော မြန်မာဆိုင်ပိုင်ရှင်တစ်ဦးနှင့် တရားမဝင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာအလုပ်သမား ၁၀ ဦးတွင် တရားဝင်အထောက်အထားများ မရှိဘဲ မြန်မာဆိုင်ပိုင်ရှင်က အလုပ်ခန့်အပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အလုပ်သမားများသည် ဆိုင်တွင် လုပ်အားခ တစ်လ ဘတ် ၈၀၀၀ ရရှိနေပြီး ဆိုင်ဖွင့်လှစ်နေသည်မှာ တစ်နှစ်ကျော်ကြာ ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးရမိသော ဆိုင်ပိုင်ရှင်အား နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှု၊ မြန်မာအလုပ်သမားများအား တရားမဝင် အလုပ်ခန့်အပ်ထားမှုတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။