BREAKING
April 16, 2025

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၁၀၈ ကြိမ်အထိရှိလာ

April 9, 2025

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး အင်အား ၇ ဒဿမ ၇ ရှိသည့် အင်အားပြင်းငလျင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်မှုအပြီးတွင် နောက်ဆက်တွဲလှုပ်ခတ်သည့် ငလျင်အရေအတွက်မှာ ၁၀၈ ကြိမ်အထိရှိလာပြီဖြစ်သည်။

ယင်းပမာဏမှာ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ မတ်လ ၂၈ ရက်မှ ဧပြီလ ၉ ရက် မနက်ပိုင်းအထိ ထုတ်ပြန်ထားသော အရေအတွက်ဖြစ်ပြီး နောက်ထပ်လည်း ထပ်တိုးလာနိုင်ချေရှိသေးသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ငလျင်အကြိမ်ရေ အများဆုံးလှုပ်ခတ်ခဲ့သည်မှာ မန္တလေးတိုင်းဖြစ်ပြီး ဒုတိယအများဆုံမှာ ပဲခူးတိုင်းဖြစ်သည်။ နေပြည်တော်မှာ တတိယအများဆုံးဖြစ်သည်။

နောက်ဆက်တွဲလှုပ်ခတ်သည့် ငလျင်အများစုမှာ အားအသင့်အတင့်မှာ အားအနယ်ငယ်ရှိ ငလျင်များသာဖြစ်ပြီး မြေအောက်အနက် ၁၀ မီတာဝန်းကျင်တွင် အများဆုံးလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။