ထားဝယ်တွင် နှစ်ပတ်ဆက်တိုက် ဆန်စျေးတက်ပြီး ကြက်သွန်စျေး ကျလာနေသည်။
ဇန်နာဝါရီ ၂၆ ရက်နေ့က ထားဝယ်စျေးကွက်တွင် ဆန်ကြမ်း တစ်အိတ် လျှင် ၁၁၄,၀၀၀ ကျပ်မှ ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ၁၁၈,၀၀၀ကျပ် ဖြစ်သွားသည်။
ဆန်တစ်အိတ်လျှင် တစ်ပတ်အတွင်း ၄၀၀၀ ကျပ်စျေးတက် သွားခြင်းဖြစ်သည်။
ကြက်သွန်နီစျေးမှာ ပြီးခဲ့သည့်အပတ်ကထက် တစ်ပိဿာ ၂၀၀ ကျပ်စျေးကျသွားသည်။
ထိုအပြင်ယခုအပတ် ကြက်သွန်ဖြူစျေးလည်း ကျလာပြီး ယခင်အပတ်က ကြက်သွန်ဖြူ ထူးလေး တစ်ပိဿာ ၁၇၀၀၀ကျပ်မှ ယနေ့ ၁၆၅၀၀ကျပ် ထူးငါးတစ်ပိတ်သာ ၁၈၀၀၀ကျပ်မှ ယနေ့ ၁၇၀၀၀ကျပ် ဖြစ်သွားရာ ကြက်သွန်ဖြူတစ်ပိတ်သာလျှင် ကျပ် ၅၀၀မှ ကျပ် ၁၀၀၀ အထိစျေးကျလာခြင်းဖြစ်သည်။


