ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းမလဲမရှိ ငြိမ်နေပြီး တစ်ကျပ်သားလျှင် ၂၈၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။
ထိုသို့ဈေးအပြောင်းအလဲမရှိသည်မှာ ၇ ရက်ခန့်ရှိပြီဖြစ်သည်။
ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ အနည်းငယ် တက်လာသည်။
ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။