စိုးလင်းဦး ဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့ကိုရောက်ရင် ဆက်ခ်ဆန်နဲ့ ပွဲထိုးရပါတော့မယ်။ ပွဲထိုးရဖို့ နီးကပ်လာချိန်မှာပဲ စိုးလင်းဦးက စကားတစ်ခွန်း ထုတ်ပြောလာခဲ့ပါတယ်။ အဲ့ဒါကတော့ “အပြင်မှာ ကြီးကြီးမားမား ဒဏ်ရာ မရပေမယ့် ကျွန်တော့်မှာ အတွင်းဒဏ်ရာတော့ ရှိတယ်၊ လည်ပင်းက ကောင်းကောင်းလှုပ်လို့ မရဘူး”ဆိုတာပါပဲ။
ဒီစကားကို လေ့လာကြည့်လိုက်ရင် စိုးလင်းဦးက ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မရှိဘဲနဲ့ ပွဲထိုးဖို့ စီစဉ်သလို ဖြစ်လို့နေပါတယ်။ ဒါဟာ တကယ့်ကို စိုးရိမ်စရာအခြေအနေပါပဲ။ ယာဉ်မတော်တဆမှုဖြစ်ထားတာကြောင့် စိုးလင်းဦးရဲ့ပရိသတ်တွေကလည်း ကြံ့ခိုင်မှုမပြည့်ဝတာကို စိုးရိမ်ပူပန်နေကြပါတယ်။ လည်ပင်း ကောင်းကောင်း လှုပ်လို့မရသေးဘူးဆိုတာက တကယ့်ကို စိတ်ပူစရာပါပဲ။
လည်ပင်းဆိုတာက ခန္ဓာကိုယ်ရဲ့အာရုံကြောတွေနဲ့ ချိတ်ဆက်နေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းပါ။ အာရုံစူးစိုက်နိုင်မှုအပိုင်းမှာ အခက်တွေ့လာခဲ့ရင် စိုးလင်းဦးအတွက် ပွဲနိုင်ဖို့က ခက်သွားပါလိမ့်မယ်။ အတွင်းဒဏ်ရာရှိနေတယ်လို့ ထုတ်ပြောလာတဲ့ စိုးလင်းဦး ဟာ ပွဲရလဒ်ကောင်းမွန်နိုင်ပါ့မလား။