ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။
ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းခွဲ ဈေးဖွင့်ထားသည်။
ထိုင်းဘတ်ဈေးမှာ တဖြည်းဖြည်းချင်း တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၁၀၀ ဘတ် ပေါက်ဈေးရှိသည်
ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။