ကျွန်းစုမြို့နယ်၊ ကဒဲကဒွတ်ကျေးရွာ၊ မဲရုံအမှတ်၂ ၌ မွန်းလွဲပိုင်းတွင် မဲလာပေးသူ မရှိသလောက် နည်းပါးသွားခဲ့သည်ကို တွေ့ရသည်။
အရိပ်များ မိုးပေးထားသော်လည်း နေအပူရှိန်ပြင်းလွန်းသည့်အတွက် မဲလာမပေးကြခြင်းဖြစ်သလို ယင်းမဲရုံတွင် မဲဆန္ဒရှင် ၃၁၇ ဦး ရှိသည့်အနက်မှ မနက်ပိုင်းမှာပင် မဲပေးမှု ၇၀ရာခိုင်နှုန်းအထိ ပြီးမြောက်ခဲ့သောကြောင့် နည်းပါးသွားခြင်း ဖြစ်သည်။
မဲဆန္ဒရှင်အချို့အနေနှင့် ရာဘာခြံလုပ်သားများလည်း ပါဝင်နေရာ အချို့မှာ အလုပ်မပြီးမြောက်ကြသေးသောကြောင့်လည်း မလာသေးကြခြင်း ဖြစ်သည်။
လက်ကျန် မဲဆန္ဒရှင်များထဲတွင် တစ်ဝက်လောက်မှာ ညနေပိုင်းတွင် လာပေးနိုင်ဖွယ်ရှိပြီး ကျန်တစ်ဝက်လောက်မှာ ခရီးလွန်နေသည်ဟု ဒုတိယမဲရုံမှူးက ပြောသည်။ ။
ဓါတ်ပုံ- ဟိန်းသက်ပိုင်/ Dawei Watch