BREAKING
October 16, 2024

ကန်ချနဘူရီ ရွှေဆိုင်တွင် ဆွဲကြိုးလုယက်သူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

October 8, 2024

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ရွှေဆိုင်ထဲဝင်၍ ဆွဲကြိုးလုသွားသော မြန်မာနိုင်ငံသားတစ်ဦးကို ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူသည် အသက် ၂၈ နှစ်အရွယ် စိုးနိုင်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး စလဘူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

ယနေ့နံနက်က ကန်ချနဘူရီမြို့ ဥထောင်းလမ်းတွင် ဖွင့်လှစ်ထားသော ရွှေဆိုင်ထဲသို့ ဝင်လာပြီးနောက် ရွှေ ၁ ဘတ်သားအလေးချိန်ရှိ ရွှေဆွဲကြိုးနှစ်ကုံး (ဘတ် ၇ သောင်းခန့်တန်ဖိုးရှိ) ကို လုပြေးသွားခဲ့ခြင်းဖြစ်သည်။

ရွှေဆိုင်ဝန်ထမ်းများက လိုက်လံတားဆီးခဲ့သော်လည်း မြန်မာနိုင်ငံသားက အပြင်ထွက်ပြေးခဲ့ပြီး ပါလာသော ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း ဝန်ထမ်းများ၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

ရွှေဆိုင်ပိုင်ရှင်က အပြင်ထွက်လာပြီးလိုက်ဖမ်းရာ ဆိုင်ကယ်မှောက်သွားသော်လည်း ဆိုင်ကယ်ကို ချန်ခဲ့၍ ထွက်ပြေးသွားခဲ့သည်။

ရွှေဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် အာဏာပိုင်များက ရွှေဆိုင်သို့ လာရောက်၍ CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ကြောင်း ယင်းနောက် နာရီပိုင်းအကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားနှင့်အတူ အလစ်သုတ်လာသော ရွှေကြိုးများကို သိမ်းယူခဲ့ပြီး ရွှေဆိုင်သို့ ပြန်ခေါ်၍ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားသည် ၎င်း၏ ချစ်သူကို သွားတွေ့လိုသဖြင့် ရွှေဆိုင်ထဲဝင်၍ လုယက်ခဲ့သည်ဟု ဝန်ခံထားကြောင်း ရေးသားထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားကို ကန်ချနဘူရီရဲစခန်းတွင် ဖမ်းဆီးထားပြီး လုယက်မှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Nation, Matichon Online