ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ ၊ ဗိုလ်ချုပ်ရပ်ကွက်တွင် တည်ရှိသည့် ဆရီကာလီယမ္မာ မယ်တော် (ခ) မမဘုရား ဟိန္ဒူဘုရားကျောင်း မုခ်ဦး ထီးတင်ပွဲကို ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည်။
နှစ်စဥ်ကျင်းပသည့် သီတင်းကျွတ်ကာလ မမဘုရားလှည့်ပွဲကာလတွင် ဘုရားလှည့်လည်ပွဲမကျင်းပ ဖြစ်ဘဲ မုခ်ဦးပြုပြင်ပြီးသည့် အထိမ်းအမှတ်အဖြစ် ဘုရားထီးတင်ပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ဘုရားကျောင်းပူဂျာရီအဖွဲ့က ပြောသည်။
အဆိုပါဟိန္ဒူဘုရားကျောင်းသည် နှစ် ၃၀ ကျော်သက်တမ်းရှိပြီး ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် ၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တွင်တစ်ကြိမ် အကြီးစားမွမ်းမံပြင်ဆင်မှုပြုလုပ်ခဲ့ပြီး ထီးတင်ပွဲတစ်ကြိမ်ကျင်းပခဲ့ဖူးသည်။










ယခုနှစ် ကျင်းပသည့် ဘုရားပွဲ ကို အောက်တိုဘာလ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘုရားကျောင်းတွင် အပူဇော်ခံမည်ဖြစ်သည်။
ကိုဗစ်ကာလ မတိုင်မီက ပြုလုပ်သည့် ကျေးရွာအတွင်းသို့ လှည့်လည်သည့် အစီအစဥ်ကိုမူ ယခုနှစ်တွင်လည်း ထည့်သွင်းပြုလုပ်နိုင်ခြင်းမရှိသေးဘဲ အောက်တိုဘာလ ၁၂ ရက်တွင် ဘုရားကျောင်းတည်ရှိသည့်လမ်းအတွင်း၌သာ အကျဥ်းရုံးလှည့်လည်မည်ဟု ဘုရားကျောင်း ပူဂျာရီအဖွဲ့ထံကသိရသည်။