ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သုံးဆယ့်ငါးသိန်း ဈေးဖွင့်ထားသည်။
ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသောင်း ဈေးကျသွားသည်။
ထိုင်းဘတ်ဈေးလည်း ဆက်တိုက်ကျနေပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်တက်လာသည်။
ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။