ထိုင်းနိုင်ငံတောင်ပိုင်း၊ စံခလပြည် နယ်၊ ချာနာခရိုင်ရှိ အေးချမ်းလှသော တံငါရွာလေးမှ ကိုင်ရီးယာ ရာမည အမည်ရှိ အမျိုးသမီးငယ်လေးသည် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာထံသို့ မေလ ၁၂ ရက်က စာတစ်စောင် ရေးပို့ လိုက်သည်။
နိုင်ငံ့အကြီးအကဲ ဝန်ကြီးချုပ် တစ်ဦးထံသို့ စာရေးခြင်းကို ကိုင်ရီးယာ အိပ်မက်ပင် မမက်ခဲ့ဖူးပါ။ စာမပို့ခင် သူက အစိုးရ၏ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းဟုဆိုသော တောင်ပိုင်းစီးပွား ရေးဇုန်အား ထိုင်သပိတ် ဆင်နွှဲ၍ ဆန့်ကျင် ဆန္ဒပြခဲ့သေးသည်။
တောင်ပိုင်းစီးပွားရေးဇုန် စီမံကိန်း ကြောင့် ထိခိုက်နစ်နာမှုများ ကြုံရတော့ မည့် စီရင်စု သုံးခုမှ ရာနှင့်ချီသော ကျေးရွာများ၏ အရေးကို ဝန်ကြီးချုပ် အာရုံစိုက်လာစေရန် ကိုင်ရီးယာ စာပို့ခဲ့ ခြင်းဖြစ်သည်။ စီမံကိန်းဖြစ်မြောက်ရေး အားပေးလှုံ့ဆော်နေသည့် အာဏာပိုင် များ၏ မျက်နှာလွှဲခဲပစ် အပြုအမူများကို လည်း ဝန်ကြီးချုပ် သိစေလိုသည်။
အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပတ်သက်သည့် လူထုနှီးနှောဖလှယ်ပွဲ အား မေလ ၁၂ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားရန် အာဏာပိုင်တို့က စီစဉ်ခဲ့မှုကို ကိုင်ရီးယာက သူ၏ စာထဲ တွင် ထည့်သွင်း ရေးသားထားသည်။
စံခလပြည်နယ်ခန်းမရှေ့တွင် ကိုင်ရီးယား တစ်ကိုယ်တော် ထိုင်သပိတ် ဆင်နွှဲသည့် အချိန်ကာလမှာ ပုံမှန် အချိန် ကာလမျိုး မဟုတ်ပါ။ ထိုင်းတောင်ပိုင်း ရှိ မွတ်ဆလင်များ၏ ဥပုသ်ကာလ ရာမဒန်အချိန် ဖြစ်သလို ကိုဗစ်နိုင်တင်း ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ခရီးသွားခြင်း အပါအဝင် ကန့်သတ် ပိတ်ပင်မှုများ ချမှတ်ထားချိန် ဖြစ်သည်။
ဤအချိန်ကာလတွင် လူထုနှီးနှော ဖလှယ်ပွဲလုပ်ရန် စီစဉ်ခြင်းက အာဏာပိုင် များ၏ မရိုးသားမှုကို ဖော်ပြနေသည်။
လူအနည်းငယ်သာ ယင်းနှီးနှော ဖလှယ်ပွဲကို တက်ရောက်နိုင်မည် ဖြစ် သလို ပွဲရှိကြောင်း သိသူကလည်း အနည်းငယ်သာရှိကြောင်း ကိုင်ရီးယာက ရှင်းပြသည်။ ဤနည်းဤပုံဖြင့် စီမံကိန်း ဖော်ဆောင်ရေးတွင် လူထုပါဝင်မှု အခန်းကဏ္ဍကို လျှော့ချရန် ကြိုးပမ်းလေ သလား များစွာသံသယဖြစ်ဖွယ် ကောင်း လှသည်။
“စီမံကိန်းလုပ်ဖို့ သတ်မှတ်ထားတဲ့ စီရင်စုသုံးခုရဲ့ ပြင်ပမှာ နေထိုင်သော် လည်း စီမံကိန်းရဲ့ ရိုက်ခတ်မှုတွေကို ရင်ဆိုင်ရမယ့်သူတွေ ဒီပွဲကို တက်နိုင်မှာ မဟုတ်ဘူး”ဟု ကိုင်ရီးယာက ဆိုသည်။
ယင်းအတိုင်းဆိုလျှင် အာဏာပိုင် တို့၏ နှီးနှောဖလှယ်ပွဲက အလိမ်အညာ သဘော ဖြစ်နေသည်။
ချာနာခရိုင်၏ ကမ်းရိုးတန်းဒေသ အား စက်မှုနယ်မြေနှင့် သယ်ယူပို့ဆောင် ရေး ဆုံရပ်အဖြစ် အသွင်ပြောင်းမည့် တောင်ပိုင်းစီးပွားရေးဇုန် စီမံကိန်း အတွက် ဘတ်ငွေ ၁၉ ဘီလီယံအား ထိုင်းအစိုးရက ပြီးခဲ့သည့် ဇန်နဝါရီတွင် ခွင့်ပြု ပေးခဲ့သည်။
စီမံကိန်း အကျယ်အဝန်းမှာ ဧက ၂၃၀ဝ ကျော်ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ အသေးစား နှင့် အကြီးစား စက်ပစ္စည်းများ ထုတ်လုပ် မည့် နည်းပညာမြင့် စက်ရုံများ တည် ဆောက် ဖွင့်လှစ်ရန် စသည့်အစီအစဉ် များ ပါဝင်သည်။
စီမံကိနြးက အလုပအြကိုငြ တဈသိနြး ကွောြ ဖနတြီးပေးနိုငမြညဟြုလညြး ှှကေး ကှောြ ထားသညြ။
စီမံကိန်း အကောင်အထည်ဖော်မည် ဆိုပါက ယင်း၏ကုန်ကျစရိတ်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည့် အလား အလာနှင့် ဌာနေသားတို့ လက်လွှတ်ဆုံးရှုံး လိုက်ရမည့် အရင်းအမြစ် အခြေအနေ အရပ်ရပ်ကို ကိုင်ရီးယာက မေးခွန်းထုတ်သည်။
ယင်းစီမံကိန်းကြီးအား သူက အခြားတစ်ဘက်မှ ရှုမြင်ကြည့်သည်။
“ကျွန်မမိသားစုရဲ့ ဝင်ငွေအရပ်ရပ် ကို ငါးလုပ်ငန်းကနေ ရတာပါ။ ကျွန်မ အိမ်၊ ကျွန်မ အဝတ်အစား၊ ဖိနပ်၊ ကျောင်းဝတ်စုံ၊ ကျူရှင်ခ နောက်ဆုံး ကျွန်မစီးနေတဲ့ စက်ဘီး။ ကျွန်မဘဝ အတွက် ပျော်ရွှင်စရာတွေ” ကိုင်ရီးယာ ရေရွတ်ပြသည်။
သူတို့၏ မျှော်လင့်ချက်များအား ဖျက်ဆီးမပစ်လိုက်ရန် သူက ဝန်ကြီးချုပ် ပရာယွတ်ထံ ပန်ကြားသည်။
ကိုင်ရီးယာ၏ တစ်ကိုယ်တော် ဆန္ဒပြပွဲမှာ မီဒီယာကြီးများ၏ အရေးစိုက် မှုကို မရရှိခဲ့သော်လည်း လူမှုကွန်ရက်မှ တစ်ဆင့် အများသူငှာတို့ သတိထားမိခဲ့ ကြသည်။ ထိုမှတစ်ဆင့် ဝေဖန်သံများ ညံလာပြီး အာဏာပိုင်များ၏ နှီးနှော ဖလှယ်ပွဲလုပ်မည့် အစီအစဉ်ကို ပယ်ဖျက် လိုက်ရသည်။
သို့သော် ယင်းကို အဆုံးသတ်အောင် ပွဲဟု ပြောမရနိုင်ပါ။
အစိုးရအဖွဲ့တွင်းရှိ စက်မှုအခြေပြု ဖွံ့ဖြိုးရေးသမားများက စီမံကိန်းရှေ့ ဆက်ရေး တွန်းအားပေးမည်မှာ သေချာ သလောက်ရှိသည်။ ထိုင်းစစ်တပ်နှင့် နီးနီးကပ်ကပ် ရှိလှသော ရေနံဓာတု လုပ်ငန်းရှင် သူဌေးကြီးများကလည်း စီမံကိန်းကို မျက်စိကျနေကြောင်း သတင်း ထွက်နေသည်။
နိုင်ငံ့အရှေ့ပိုင်းရှိ အဖြူထည် သက်သက်ရှိနေသော ဒေသအား စက်မှု နယ်မြေအဖြစ် ၁၉၈၀ တွင် အသွင်ပြောင်း ခဲ့သူများမှာလည်း သူတို့ပင်ဖြစ်သည်။ အရှေ့ပိုင်းဒေသကို စက်မှုနယ်မြေအဖြစ် အသွင်းပြောင်းစဉ်ကမူ ယခု ကြုံနေသလို စီမံကန်း မစမီကပင် ဆန့်ကျင်ကန့်ကွက် မှုမျိုး မကြုံခဲ့ရဘဲ နောက်ပိုင်းမှသာ ဒေသခံများ၏ မကျေမချမ်း အသံများ ကြားရသည်။
၁၉၉၇ ခုနှစ်တွင် ပေါ်လာသည့် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာမူ ကန့်ကွက် ဆန္ဒပြမှုများကြောင့် ပျက်ခဲ့ရဖူးသည်။ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သော သဘာဝ ဓာတ်ငွေ့ သန့်စင်စက်ရုံနှင့် မလေးရှား သို့ ဆက်သွယ် တင်ပို့သည့် ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်စဉ်ကလည်း အာဏာပိုင်တို့နှင့် ဌာနေဒေသခံတို့ အကြား ရန်များခဲ့ကြရဖူးသည်။
ထိုသို့သော အကျယ်အကျယ် မငြိမ်းဖွယ် ဇာတ်လမ်းများနှင့် ကြီးပြင်းခဲ့ ရသဖြင့် ပညာရှင်များနှင့် စက်မှုစနစ်ကို လိုလားသူများ၏ တွန်းအားကြောင့် ဖြစ်ထွန်းလာသည့် တောင်ပိုင်းစီးပွားရေး ဇုန်ကဲ့သို့သော နိုင်ငံတော် စီမံကိန်းများ ၏ ကောင်းကျိုးဆိုးပြစ်များအား ကိုင်ရီးယား မေးခွန်းထုတ်သည်။
စက်မှုအခြေပြုဖွံ့ဖြိုးရေးကို ကိုင် ရီးယာနှင့် သူတို့ဌာနေသားများ အိပ်မက် မဟုတ်ပါ။
သူတို့ဒေသတွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်းအတွက် အလားအလာ ကောင်းနှင့် အစားအစာ ဖူလုံရေး အာမခံ ပေးမည့် ရေရှည်တည်မြဲသော ငါး လုပ်ငန်းတို့ကို သူတို့ တွေ့ရှိထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရနှင့် ဌာနေ သားတို့အကြား ဒေသဖွံ့ဖြိုးရေး အမြင် မတူကွဲပြားနေပုံမှာ ထင်ရှားလှသည်။
မူဝါဒချမှတ်သူများနှင့် သူဌေးကြီး များမှာ ကျေးလက်ပြည်သူများသည် ခေတ်နောက်ကျသူများဟုသာ ယူဆနေ ကြဆဲ ဖြစ်သည်။ တောသူတောင်သားတို့ သည် ကျွမ်းကျင်မှု ရေရေရာရာ မရှိသလို ယှဉ်ပြိုင်နိုင်စွမ်းလည်း နိမ့်ကျသည်ဟု ၎င်းတို့က အထင်ရှိနေသည်။
ထိုအယူအဆ အလွဲကြီးကို အခြေခံ ၍ စက်ရုံအလုပ်ရုံများသည်သာ ကျေးလက် ပြည်သူတို့၏ လူနေမှုဘဝများအား မြှင့်ပေးနိုင်လိမ့်မည်ဟု သူတို့ ကောက်ချက် ချသည်။ အမှန်တကယ်အားဖြင့် နည်း ပညာစွမ်းအားကြောင့် ပေါ်လာသော ကျေးလက်ဒေသ၏ အပြောင်းအလဲများ ကို သူတို့ လုံးလုံး သိကြပုံ မရပါ။
ကျေးလက်ပြည်သူတို့မှာ ယခင်က လို ကျွဲနွားများနှင့် ရုန်းကန်ရသည့် ထုံအအ လယ်သမားများ မဟုတ်တော့ ပါ။
အနည်းဆုံးအားဖြင့် ဤတောင်ပိုင်း ဒေသတွင် ထိုသို့ မဟုတ်ကြတော့ပါ။ မနက် ၉၊ ညနေ ၅ တစ်နေကုန် တစ်နေခမ်း လုပ်ငန်းခွင် ဝင်ရမည့် အခြေအနေကို တောင်ပိုင်းသားတို့ မနှစ်ခြိုက်။ လွတ်လွတ်လပ်လပ် လုပ်ကိုင် နိုင်မည့် အလုပ်များ၊ စွန့်ဦးတီထွင် လုပ်ငန်းများကို ဌာနေသားတို့ စိတ်ကူးရှိ ကြသည်။
တောင်ပိုင်းသားအချို့နှင့် တွေ့ဆုံ ခဲ့ရာ လူငယ်တစ်ဦးက အွန်လိုင်းအခြေပြု စီးပွားရေးကို စတင်နေသလို အနုပညာ ရှင်တစ်စုက သဘာဝအခြေပြု ခရီးသွား လုပ်ငန်းအတွက် ဧည့်သည်များအား ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေပုံကို တွေခဲ့ ရသည်။
ငါးလုပ်ငန်း လုပ်ကိုင်သည့် မိသား တစ်စုသည်လည်း တန်ဖိုးမြှင့် ရေထွက် ကုန်များအား ဘန်ကောက်နှင့် မလေးရှား ရှိ လက်ကားဆိုင်ကြီးများထံ တင်သွင်း၍ များပြားလှသော ဝင်ငွေပမာဏကို ရရှိနေ ပြီ ဖြစ်သည်။
အချိန်နှင့်အမျှ ဖြစ်ပေါ် ပြောင်းလဲနေသည့် အနေအထားအား အစိုးရ မူဝါဒချမှတ်သူများ လိုက်မမီဘဲ မျက်ခြေပြတ်နေသည်မှာ ထင်ရှားသည်။ ထို့ကြောင့်ပင် ၁၉၈၀ ခုနှစ်ဝန်းကျင် ကတည်းက ပေါ်လာသည့် စက်ရုံအခြေခံ ဖွံ့ဖြိုးရေးကို တစာစာ အော်နေခြင်းဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်ညစ်ညမ်းမှု များအား သယ်ဆောင်လာသည့် စက်ရုံ များကြောင့် သဘာဝ ပတ်ဝန်းကျင်မှာ ဆိုးဆိုး ရွားရွား ပျက်စီးရသည်။
ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ပါးနေခြင်းအတွက် စက်ရုံအလုပ်များ အပေါ် ခုံမင်တက်မက်နေသော အစိုးရ မူဝါဒချမှတ်သူများကိုသာ အပြစ်တင် ထိုက်သည်။ သို့သော် ပြန်ပြင်ရန် နောက်မကျသေးပါ။ မည်သို့ ပြင်ဆင်ရ မည်ကို မသိဟု ဆိုပါက အကြံတစ်ခု ပေးလိုပါသည်။
“ကိုင်ရီးယား၏ သတင်းစကားကို အလေးအနက် နားထောင်လိုက်ပါ။”
Bangkok Post ပါ ပါရီတာ၏ SEZ Plan ignores local ideas of development ဆောင်းပါးကို ဘာသာပြန် ဆို ဖော်ပြပါသည်။
ပါရီတာ