ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ (မေ ၈) နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေး ဆန္ဒပြလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြသည်။
“လူထုအာဏာတည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” ဘန်နာကို ကိုင်စွဲကာ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် ကြွေးကြော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ယင်းလှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) နှင့် သရက်ချောင်းမြို့နယ် သပိတ်ကော်မတီက ဦးဆောင် ပြုလုပ်ခဲ့ကြသည်။
မေလ ၇ ရက်ညကလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက သရက်ချောင်းမြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြပွဲ နှင့် မြေမြုပ်မိုင်း၊စစ်ကျန်လက်နက်အန္တရာယ်အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သေးသည်။



