Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီက စစ်ရှောင်တွေ ငှက်ဖျားပြန်ဖြစ်လာလို့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်း
- ထိုင်းကနေ ကော့သောင်းကို ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ငါးဦးထွက်ပြေးရာက တစ်ဦးလွတ်မြောက်လာတဲ့ အခြေအနေ
- ငလျင်လှုပ်ခတ်မှု ၁၀၃ ကြိမ်အထိ ရှိလာတဲ့သတင်း
- ယူ-၂၀ ကမ္ဘာ့ဖလားမှာ အဖွင့်ဂိုးသွင်းခဲ့တဲ့ ရန်နိုင်ဦးရဲ့ ဂျာစီ ကျပ် ၂၈ သိန်းနဲ့ လေလံအောင်ပြီးငလျင်ဘေးကို လှူဒါန်းလိုက်တဲ့အကြောင်း
- ထိုင်းက ကမ္ဘာပေါ်မှာ ဖောက်ပြန်မှုအများဆုံး နိုင်ငံဖြစ်နေတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။