BREAKING
April 17, 2025

ထိုင်းသည် ကမ္ဘာပေါ်တွင် အိမ်ထောင်ရေး ဖောက်ပြန်မှု အများဆုံး နိုင်ငံဖြစ်

April 8, 2025

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အိမ်ထောင်ရေး ဖောက်ပြန်မှုအများဆုံး၊ သစ္စာမရှိဆုံး နိုင်ငံစာရင်းတွင် ထိပ်ဆုံးက ရပ်တည်နေကြောင်း Insider Monkey အစီအရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာနိုင်ငံများထဲတွင် ထိုင်းနိုင်ငံသည် အိမ်ထောင်ဖက်အချင်းချင်း လိမ်လည်မှုနှုန်း ၅၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးစာရင်းဝင်နိုင်ငံဖြစ်နေကြောင်း ဖော်ပြသည်။

အထူးသဖြင့် အိမ်ထောင်ရေးတွင် အငယ်အနှောင်းများ ပြိုင်တူထားလေ့ရှိကြပြီး လိင်မှုကိစ္စများတွင် အပျော်အပါးမက်သူများဖြစ်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြသည်။

Insider Monkey အစီအရင်ခံစာသည် လူပေါင်း ၂၃၈၀၀ ကျော်၏ အချက်အလက်ပေါင်း ၁ ဒသမ ၉ သန်းကျော်ကို အခြေခံ၍ တွက်ချက်ကာ ထုတ်ပြန်ထားသော အစီအရင်ခံစာဖြစ်သည်။

အစီအရင်ခံစာတွင် လွန်ခဲ့သော ၁၉၆၀ ခုနှစ်တည်းက လူအများ မည်သို့လိမ်လည်လှည့်ဖြားခဲ့သည်ကို စူးစမ်းဖော်ထုတ်ထားသည်။

အစီအရင်ခံစာအရ ထိုင်းနိုင်ငံသည် အိမ်ထောင်ဖက်အချင်းချင်း လိမ်လည်မှု ၅၁ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး ဒိန်းမတ်က ၄၆ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

နောက်တွင် ဂျာမနီနှင့် အီတလီနိုင်ငံများက ၄၅ ရာခိုင်နှုန်းရှိပြီး ပြင်သစ်နိုင်ငံက ၄၃ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာတွင် ရှိနေကြောင်း ဖော်ပြသည်။

စိတ်ဝင်စားဖို့ ကောင်းသည့်အချက်မှာ အိမ်ထောင်ဖက်အချင်းချင်း လိမ်လည်တတ်သော လူအများစုသည် တစ်လင်တစ်မယားစနစ်ကို တန်ဖိုးထားသည်ဟု ဆိုသူများ ဖြစ်နေခြင်းပင်ဖြစ်သည်။

အမျိုးသားအများစုက အချစ်မခံရပါက လေလွင့်တတ်ကြသလို အမျိုးသမီးအများစုကလည်း ဆွဲဆောင်မှုမရှိတော့ဟု ခံစားမိလာပါက အိမ်ထောင်ရေး ဖောက်ပြန်လာတတ်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြသည်။

Ref: The Nation Thailand