ထားဝယ်ဈေးကွက်တွင် ယခုအပတ်ဆန်ဈေးကျသော်လည်း ကြက်သွန်နီ/ဖြူ ဈေးတက်လာသည်။
မတ်လ ၁ ရက်နေ့က ဆန်ကြမ်းအမျိုးအစားဖြင့်သည့် အကယ်ဒမီရက် ၉၀ အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၀၉၀၀၀ ကျပ်မှ ယနေ့ မတ်လ ၈ ရက်နေ့တွင် ၁၀၇၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းစင်္ကြာမင်း အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ်မှ ၁၈၅၀၀၀ ကျပ်၊ ဆင်းသုခ အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၀၁၅၀၀ ကျပ်မှ ၁၀၀၅၀၀ ကျပ်သို့ အသီးသီးဈေးကျလာခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် အမျိုးအစားအလိုက် ကျပ် ၁၀၀၀ မှ ၂၀၀၀ ကျပ်နှင့် ဆန်ချောအမျိုးအစား တစ်အိတ်လျှင် ကျပ် ၅၀၀၀ ဈေးကျလာသည်ကိုတွေ့ရခြင်းဖြစ်သည်။
သို့သော်ကြက်သွန်ဖြူနှင့် ကြည်သွန်နီ ဈေးနှုန်းများမှာ ယခုသီတင်းပတ်အတွင်း ဈေးအနည်းငယ် မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့်သီတင်းပတ် ဖြစ်သည့် မတ်လ ၁ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၃၃၀၀ ကျပ်မှ ယနေ့ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ ကျူကုတ်တစ်ပိဿာ ၁၄၅၀၀ ကျပ်မှ ယနေ့ ၁၅၀၀၀ ကျပ်ဖြစ်လာသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၂၀၀ ကျပ်၊ကြက်သွန်ဖြူ(ကျူကုတ်)တစ်ပိဿာ ၅၀၀ ကျပ် ဈေးတက်သွားသည်ကိုတွေ့ရသည်။
ကြက်သွန်ဖြူ ထူး ၄ မှာ အသစ်ထွက်ရှိလာပြီး ထားဝယ်ဈေးကွက်၌ ယနေ့ တစ်ပိဿာ ၁၁၀၀၀ ကျပ်ဖြင့်ဈေးဖွင့်ထားသည်။

