အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သော ယနေ့(မတ် ၈)တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) ကဦးဆောင်ပြီး လောင်းလုံးမြို့နယ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
“တော်လှန်သောနှင်းဆီများ ဖိနှိပ်မှုမှန်သမျှကို တိုက်ဖျက်မလေ” ဘန်နာကိုကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများပပျောက်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ လွတ်လပ်လုံခြုံသည့် လူ့ဘောင်သစ် တည်ဆောက်ရေးတို့အတွက် အာဏာရှင်များ၏ဖိနှိပ်မူအပါအဝင် မတရားဖိနှိမှုများကို တိုက်ဖျက်သွားကြရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း နှင်းဆီရောင်အမျိုးသမီးသမဂ္ဂ(ထားဝယ်) ကထုတ်ပြန်သည်။







