BREAKING
February 22, 2025

လူ ၁၅၀ နီးပါး အဖမ်းခံထားရ

February 8, 2021

တပ်မတော်မှ အာဏာသိမ်းပြီး မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသူ အနည်းဆုံး ၁၄၇ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကို ကိုးကား၍ ရိုက်တာ သတင်းဌာနတွင် ရေးသားထားသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ အထိ စာရင်းအရ အဖမ်းခံထားရသည့် အစိုးရခေါင်းဆောင်နှင့် လွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦးနှင့် အခြား အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင် ၁၄ ဦး အနည်းဆုံး ရှိနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်များကို နေအိမ် အကျယ်ချုပ်ချထားပြီး အချို့သော ဝန်ကြီးနှင့် တက်ကြွလှုပ်ရှားသူများမှာ မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိသဖြင့် စိုးရိမ်ပူပန်နေရကြောင်း ဧရာဝတီ သတင်းတွင် ဖော်ပြထားသည်။

အဖမ်းခံထားရသူများတွင် နိုင်ငံရေး ခေါင်းဆောင်များအပြင် တက်ကြွလှုပ်ရှားသူ ဦးမြအေး၊ မင်းသွေးသစ်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ စာရေး ဆရာ မောင်သာချို၊ ဦးထိန်လင်းဦး၊ အဆိုတော် စောဖိုးခွား၊ ရွှေညဝါ ဆရာတော်တို့လည်း ပါဝင်သည်။