တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေး လုပ်ငန်းများမှ ထုတ်ကုန်များကို အသုံးမပြုကြရန် တိုက်တွန်းမှုများနှင့်အတူ ထားဝယ်မြို့တွင်လည်း Mytel ထုတ်ကုန် ပစ္စည်းများကို ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း မပြုသည့် လှုပ်ရှားမှုကို အချို့က လုပ်ဆောင်နေကြကို တွေ့လာရသည်။
ထားဝယ်မြို့တွင် ယင်းလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဖုန်းအရောင်းဆိုင်နှင့် ဖုန်းပြုပြင်ဆိုင် တစ်ဆယ်နီးပါးရှိနေပြီ ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်နေသည့် ထားဝယ်မြို့ရှိ ဖုန်းအရောင်းဆိုင်ပိုင်ရှင် ကိုစီက ပြောသည်။
လှုပ်ရှားမှုတွင်ပါဝင်သောဆိုင်များသည် ရောင်းမည့် ဖုန်းဆင်းကတ်များကို လွှင့်ပစ်ခြင်း၊ Mytel Pay အတွင်းရှိငွေများကို ပြန်ထုတ်ခြင်း၊ ငွေဖြည့်ကတ်များ ပြန်အပ်ခြင်းတို့ကို လုပ်ဆောင်နေကြ သည်။
“Mytel နဲ့ပတ်လာရင် လုံးဝ အရောင်းရပ်ဆိုင်း ပစ်လိုက်တာတွေ၊ ငွေဖြည့်ကတ်မဝယ်တော့တာတွေ၊ ငွေလွှဲ၊ ငွေထုတ်ကအစ အားလုံးရပ်ပစ် လိုက်တာ” ဟု ကိုစီက ဆိုသည်။
ယင်းလှုပ်ရှားမှုတွင်ပါဝင်ရန်အတွက် ဖုန်းဆိုင်များကို ဖိအားပေးခြင်း မျိုးမရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ပါဝင်ရန် တိုက်တွန်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကပြေသည်။