BREAKING
December 25, 2024

ကွယ်လွန်သွားသူ ပီလီရဲ့အသားတင်ကြွယ်ဝမှုနဲ့ မိသားစုအတွက် ချန်ထားရစ်ခဲ့တဲ့အမွေ

January 8, 2023

Photo - Bloomberg Reporter

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီရဲ့အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး ဒါတွေဟာ တစ်နည်းပြောရရင် သူ့ရဲ့ကျန်ရစ်သူမိသားစုအတွက် အမွေပစ္စည်းအဖြစ် ကျန်ရစ်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

စပိန်သတင်းစာ Marca က ပီလီ ကွယ်လွန်သွားချိန်မှာ ပီလီရဲ့အသားတင်ကြွယ်ဝမှုနဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ အဖြစ် ကျန်ရှိနေခဲ့တယ်လို့ ထုတ်ဖော်ရေးသားလိုက်တာဖြစ်ပါတယ်။

ဂန္ထဝင်ဘောလုံးသမားကြီး ပီလီဟာ ဘောလုံးကစားသမားဘဝကနေ အနားယူလိုက်ပြီးတဲ့နောက် အားကစားအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ နာမည်ကျော် Puma စီးပွားရေးလုပ်ငန်းစုနဲ့ လက်တွဲအလုပ်လုပ်ခဲ့ပြီး အဲ့ဒီကနေတဆင့် ဝင်ငွေတွေ ရရှိနေခဲ့တာပဲဖြစ်ပါတယ်။

ပီလီဟာ ၁၉၅၅ ခုနှစ် အသက် ၁၅ နှစ်အရွယ်ကတည်းက ဆန်းတို့စ်အသင်းနဲ့အတူ ဘောလုံးကစားသမားဘဝကို အစပြုခဲ့ပြီး ၁၉၅၆ ခုနှစ်အရောက်မှာ ဆန်းတို့စ်အသင်းက သူ့ကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ပီလီဟာ လက်ရှိကမ္ဘာ့ဘောလုံးသမိုင်းထဲမှာ ကမ္ဘာ့ဖလားကို သုံးကြိမ်ဆွတ်ခူးနိုင်ခဲ့သူ တစ်ဦးတည်းသော ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပီလီက ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ပီလီရဲ့အသက်က ၈၂ နှစ်အရွယ် ရှိနေခဲ့ပြီဖြစ်ပြီး အူမကြီးကင်ဆာက ကိုယ်တွင်းကလီစာတွေဆီကို ပျံ့နှံ့ရောက်ရှိသွားပြီးတဲ့နောက် ပီလီက အဲ့ဒီဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။