ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်း လေးခုသာ ကျန်ရှိတော့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အာဘော် ကိုးကန့်မီဒီယာက ဖော်ပြသည်။
လောက်ကိုင်မြို့တောင်ဘက်ရှိ မြို့ကို အပေါ်စီးက မြင်ရသည့် တာရင်တောာင်ပေါ်က စစ်ကောင်စီတစ်ခန်းကို သိမ်းယူနိုင်ခဲ့ပြီးနောက် လောင်ကိုင်မြို့တောင်ဘက်တွင် စစ်ကောင်စီတပ်စွဲထားသည့် အရေးကြီးသည့် High Point နေရာများ မရှိတော့ကြောင်းလည်း ဖော်ပြသည်။
လက်ရှိ ကိုးကန့်ဒေသတွင်း မီရှင့်ကုတ် ၊ နန်ထင်မိန် ၊ ရန်လုံကျိုင့်နှင့် တာရွှေထန်တို့တွင်သာ စစ်ကောင်စီ တပ်စခန်းများ ကျန်ရှိတော့ကြောင်း ရေးသားထားသည်။
ထို့ကြောင့် MNDAA ၏ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေး အောင်မြင်တော့မည်ဖြစ်ကြောင်းလည်း ကိုးကန့်မီဒီယာက ဖော်ပြသည်။
တာရင်တောင်သည် စစ်ကောင်စီ လောက်ကိုင်မီရှင့်ကုတ် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ နှင့် ၂မိုင်သာ ကွာဝေးကြောင်း ဆိုသည်။








စစ်ကောင်စီက ယင်းတောင်ကုန်းပေါ်တွင် ဘုရားစေတီတည်ဆောက်ခဲ့သောကြောင့် SiMianFo ဟု ခေါ်ဝေါ်ကြောင်း ဖော်ပြသည်။
တအာင်းတပ်မတော် TNLA ကလည်း ဒီဇင်ဘာလ ၅ ရက်တွင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မိုင်းလုံနှင့် မိုင်းဝီးတပ်စခန်းတို့ကို သိမ်းယူနိုင်ခဲ့ကြောင်း မြေက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်ထားသည်။
လက်ရှိ ရှမ်းမြောက်ဒေသတွင် သီပေါ၊ နမ့်ခမ်း၊ လားရှိုးနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဉ်ကွင်းနှစ်ကွင်းပါသည့် စစ်ကောင်စီတပ် ထရွန်အိုင် ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က ၂၁ ရက်ကြာ တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၄ရက်တွင် သိမ်းယူနိုင်ခဲ့ပြီး နှုံးဘူးဗျူဟာကိုလည်း ဆက်လက် ထိုင်းစစ်ဆင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။