နိုင်ငံရေး အကျပ်အတည်းနဲ့အတူ မြန်မာလူငယ်တွေရဲ့ ပညာရေးဟာ ရပ်တန့်လုနီးနီးဖြစ်နေပါပြီ။
မြန်မာလူငယ်တွေဟာ အနာဂါတ်ပျောက်သလို ခံစားနေရပြီး မရေရာတဲ့ မြန်မာ့ပညာရေးစနစ်ကို စိတ်ကုန်လာနေပါတယ်။
ဒါကြောင့်လည်း လူငယ်တွေက နိုင်ငံတကာကို ထိုးဖောက်နိုင်မယ့် ပညာရေး လမ်းကြောင်းသစ်ကို ရှာဖွေလာကြပါတယ်။