BREAKING
December 22, 2024

တောင်ပိုင်းတနင်္သာရီတွင် ဇီဝကများ အလိုရှိသည်

November 7, 2024

အာဏာသိမ်းပြီး လေးနှစ်အတွင်းချင်းနင်းဝင်ရောက်ချိန်တွင် တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်သည့် နယ်မြေအများအပြား ပေါ်ပေါက်လာသလို တိုက်ပွဲဖြစ်သည့် စစ်နယ်လည်း ကျယ်ပြန့်လာသည်။

ထိုအခြေအနေတွင် စစ်ကောင်စီတပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးမှုများ ပိုများလာပြီး တိုက်ပွဲများလည်း ပြင်းထန်နေရာ စစ်ဘေးရှောင်အများအပြားလည်း ရှိနေသည်။

တိုက်ပွဲပြင်းထန်သည့် နယ်မြေများကို ဆေးဝါးအပါအဝင် အခြားရိက္ခာပစ္စည်းများ သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ဆေးဝါးရှားပါးမှုဖြင့် ရင်ဆိုင်နေရသည်။

တစ်ဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်း အများအပြားက CDM လုပ်ကြသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ဆေးပေးခန်းအများအပြား ဆေးကုသမှု လုပ်ငန်းများ ရပ်နားသွားကြသည်။

ထိုအခင်းအကျင်းတွင် တော်လှန်ရေးတပ်များ၏ ဆေးမှူးများနှင့် ကူညီပေးနေသည့် ဆေးအဖွဲ့များရှိသော်လည်း ဒေသခံနှင့် စစ်ဘေးရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်ကုသမှုအတွက် ဆရာဝန်နှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် မြင့်တက်နေသည်။

ထို့ကြောင့် တနင်္သာရီတိုင်းအတွင်း ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်အခြေအနေနှင့်ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းကျန်းမာရေးတာဝန်ခံလည်းဖြစ်ပြီး တနင်္သာရီတိုင်း စစ်ဌာန၏ ဆေးတာဝန်ခံလည်းဖြစ်တဲ့ ဒေါက်တာထူးနေအောင်ကို Dawei Watch က ဆက်သွယ်မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်သည်။

ဖြေ ။ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေါ့လေနော်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရော၊ စိုးမိုးနယ်မြေထဲမှာရှိတဲ့ အရပ်သားပြည်သူတွေရော၊ စစ်ဘေးရှောင်တွေ ရော စခန်းမှာရှိတဲ့ ပြည်သူတွေရော ကျန်းမာရေးဝန်ဆောင်မှုကို ထိရောက်တဲ့ကျန်းမာရေးဝန်ဆောင်မှု ပေးချင်တာပေါ့လေ နော်။ ဆိုလိုတာက လိုအပ်နေလို့ပေါ့လေ။ ဆရာဝန်အင်အားနည်းနေတယ်လို့ပြောရမှာပေါ့။ အခုဆိုရင် စိုးမိုးနယ်မြေ အနေအထားနဲ့ တော်လှန်ရေးအင်အားစုတွေရော၊ စစ်ရှောင်ပြည်သူတွေရောပေါ့။ EROs တွေရောပေါ့။ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ဆိုရင်တော့ စိုးမိုးနယ်မြေနဲ့ လက်ရှိမြေပြင်မှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းအင်အားနဲ့ဆိုရင်တော့ အရေအတွက်တွေ လိုအပ်ချက်တွေရှိနေလို့ မေတ္တာရပ်ခံပြီးတော့ ကျွန်တော့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖိတ်ခေါ်တာ ပေါ့လေနော်။

ဖြေ ။ ဒီလိုမျိုးဖိတ်ခေါ်ပြီးနောက်ပိုင်း ကျွန်တော့်ကိုတိုက်ရိုက်ချိတ်ဆက်ပြီးတော့ လာပြီးတော့ တာဝန်ထမ်းမယ်ဆိုပြီးတော့ ပြောတဲ့သူတွေကတော့ မရှိသလောက်ဆိုပြီးတော့ ပြောလို့ရတာပေါ့လေ။

ဖြေ ။ အာဏာသိမ်ပြီးကတည်းကနေပြီးတော့ ဌာနဆိုင်ရာအသီးသီးမှာကတော့ CDM တော့ ဝင်ကြတာပေါ့လေ။ တချို့ကလည်းပဲ CDM လုပ်ပြီးတော့ မြေပြင်အထိ တာဝန်မထမ်းဆောင်နိုင်ဘူးဆိုပေမယ့်လည်းပဲ No Profile နဲ့ လုံခြုံရေး အခြေအနေအရပေါ့နော်။ သူ့ရဲ့အခြေအနေအကြောင်းကြောင်းရှိမှာပေါ့လေ။ မြေပြင်အထိ တာဝန်ထမ်းဆောင်ဖို့ အခက်အခဲ ရှိတဲ့အတွက်ကြောင့် မထမ်းဆောင်ချင်တဲ့ပုံစံလည်းရှိမှာပါ။ နောက်တစ်ခုက အပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့ အာဏာရှင်စနစ်အောက်မှာနေရတော့ တော်လှန်ရေးနယ်မြေ စိုးမိုးထိန်းချုပ်နယ်မြေဆိုတဲ့ဟာကတော့ နေရထိုင်ရတဲ့ ဟာတွေမှာတော့ ဘာပဲပြောပြော ခံယူချက်လည်း ပြင်းပြင်းထန်ထန်ကို ရှိမှလည်းပဲ တာဝန်ထမ်းဆောင်လို့ ဖြစ်တဲ့ ပုံစံမျိုးတော့ ဖြစ်တာပေါ့။ မြို့မှာနေသလို အစားအသောက်အနေအထိုင်တွေကကျတော့ သိပ်အဆင်မပြေဘူးပေါ့လေနော်။ မြို့ပေါ်မှာလည်း အဆင်ပြေနေတယ်လို့ ကျွန်တော်ပြောတာ မဟုတ်ဘူး။ ထိန်းချုပ်နယ်မြေမှာကတော့ အစစအရာရာ ပေါ့လေ။ လုံခြုံရေးအရရော နေထိုင်ရတဲ့အခြေအနေအရရော။ နောက်တစ်ခုကတော့ မြေပြင်ကို လာတဲ့အခါကျရင်တော့ တချို့တချို့သော တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားထဲမှာလည်းပဲ အဖွဲ့အစည်း အချင်းချင်းကြားမှာ တချို့ဟာတွေက သဘောထားကွဲလွဲမှုတွေ နားလည်မှုလွဲတဲ့ဟာလေးတွေ ဖြစ်တတ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေက မြေပြင်ကိုလာလို့ ကျန်းမာရေးဝန်ဆောင်မှုကိစ္စပဲ သူတို့လုပ်ချင်တာပေါ့လေနော်။ ဒီလိုမျိုး အဖွဲ့အစည်းကြားထဲက ဒီပြဿနာ တွေကြားထဲမှာ ပွတ်တိုက်မှုကြားထဲမှာ ကြားညှပ်မယ့်ဟာတွေမျိုးဖြစ်ရင် စိတ်ဆင်းရဲတဲ့ဟာမျိုးရှိတယ်။ ဒီလိုမျိုး သတင်းတွေကြားပြီးတော့လည်း တချို့ကတော့လာဖို့အတွက်ကို တွန့်ဆုတ်တဲ့ဟာမျိုးလည်းပဲ အကြောင်းအရင်း တစ်ခု အနေနဲ့တော့ ပါမယ်လို့တော့ ကျွန်တော့်အနေနဲ့တော့ သုံးသပ်တာပေါ့လေ။ တိတိကျကျ ပြောဖို့ကကျတော့ ခက်တယ်။

ဖြေ ။ ရာခိုင်နှုန်းအနေနဲ့ဆိုရင်တော့ တွက်ရနည်းနည်းခက်တာပေါ့။ ဆိုလိုတာက တော်လှန်ရေးအင်အားစုတွေရဲ့ ကြားမှာ ဆိုရင်တော့လေ မရှိဘူးလားဆိုတော့ ရှိနေတာပေါ့။ ကျန်းမာရေးဝန်ထမ်းတွေရှိတယ်။ ဒါပေမဲ့ ကျွမ်းကျင်ဆိုတဲ့ နေရာမှာ ကတော့ ဆရာဝန်တွေနဲ့သွားပြီးတော့ ပြောလိုက်မယ်ဆိုရင် လက်ရှိမြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကျွန်တော့်အနေနဲ့ တစ်မျိုးဖြစ်သွားမှာစိုးလို့ ဖြေရတော့ နည်းနည်းခက်တာပေါ့။ ဒါပေမဲ့ လိုအပ်ချက် ကတော့ ရှိနေတယ်။ ရာခိုင်နှုန်းအနေနဲ့ကတော့ မပြောပါရစေနဲ့။ ရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း သူတို့ရဲ့ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံးပြုစု ကုသပေးနေတဲ့ပုံစံမျိုးရှိတော့လေ။ သူတို့အနေနဲ့ တစ်မျိုးမြင်သွားမှာကိုလည်း စိုးတာပေါ့လေနော်။

ဖြေ ။ အခုလက်ရှိမြေပြင်မှာကတော့ ရှိနေတဲ့ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း လူနာနဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ မကာမိ ဘူးပေါ့လေနော်။ ကျန်းမာရေးပြုစုစောင့်ရှောက်တဲ့နေရာမှာ အချိန်နဲ့တပြေးညီပေါ့လေ။ တချို့ဟာတွေက အရေးပေါ် ကုသ ရမယ့်ဟာမျိုးတွေရှိတယ်။ တချို့နေရာတွေမှာက သူနာပြုပဲရှိပြီးတော့ ဆရာဝန်မရှိတော့ ထိရောက်တဲ့ကုသမှု မလုပ် နိုင်တော့ တစ်နေရာနဲ့ တစ်နေရာပြန်ပြီးတော့ ဆရာဝန်ရှိတဲ့နေရာကို လွှဲပြောင်းကုသရတဲ့ဟာတွေ။ တချို့ဟာတွေ မျိုးဆိုရင် တစ်ဖက်နိုင်ငံကို လွှဲပြောင်းကုသတဲ့နေရာမှာဆိုရင်တော့ ပိုပြီးတော့ အခက်အခဲရှိတာပေါ့။ ထိရောက်တဲ့ကုသမှုတွေအတွက် ကတော့ ကျွန်တော်တို့က လိုအပ်ချက်တွေကတော့ အများကြီးရှိနေတယ်။ ဆိုလိုတာက မြေပြင်မှာရှိနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေသည် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကုသပြီးတော့ ဆောင်ရွက်တယ်။ မြေပြင်မှာ ကျန်းမာရေး ဝန်ထမ်းတွေသာ အလုံအလောက်ရှိနေမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည်သူတွေရော တော်လှန်ရေးအင်အားစုတွေကိုရော ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေချောမွေ့မယ့် အခြေအနေမျိုးတော့ ရှိတာပေါ့။

ဖြေ ။ နိုင်ငံတကာဆီက တိုက်ရိုက်လာတဲ့ဟာမျိုးတော့ မရှိဘူးခင်ဗျ။ သွယ်ဝိုက်သောအားဖြင့်တော့ ရှိနိုင်တယ်ပေါ့။

ဖြေ ။ တော်လှန်ရေးကာလမှာ ကျွန်တော့်ရဲ့သုံးသပ်မှုကလည်း မှန်ချင်လည်းမှန်မယ် မှားချင်လည်း မှားမယ်ပေါ့။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်အရ ကြည့်လိုက်မယ်ဆိုရင် (NUG ကျန်းမာရေး) ဝန်ကြီးဌာနကနေပြီးတော့ အလုပ် လျှောက်လွှာတွေခေါ်ကြတယ်ပေါ့။ အကြိမ်ရေတောင် တော်တော်များပြီ။ တနင်္သာရီတိုင်းကို လာရောက်ပြီးတော့ လျှောက်ထားတဲ့ ဝန်ထမ်းတွေ တော်တော်ရှားတယ်ပေါ့လေနော်။ မရှိသလောက်ကို ဖြစ်တာပေါ့။ ကျွန်တော်တို့ တော်လှန်ရေးကာလလည်းဖြစ်နေတော့ စစ်ရေးအခြေအနေပေါ့လေ။ တချို့ကလည်းပဲ တော်တော်များများသည် ကရင်နီတို့၊ ကရင်ပြည်နယ်တို့ ၊ ချင်းတို့၊ စစ်ကိုင်း၊ မကွေးတို့ကိုပဲ သွားကြတာက များတာပေါ့လေနော်။ နိုင်ငံတကာ အနေနဲ့လည်းပဲ တနင်္သာရီ(တိုင်း)ဆိုတဲ့ဟာကတော့ အစကတည်းကကို ကျွန်တော်တို့က အပယ်ခံမျိုးတော့ ဖြစ်နေတာပေါ့နော်။ အပယ်ရတနာ ပုံစံမျိုးဖြစ်နေတာပေါ့။ တချို့ကလည်းပဲ စစ်ရေးအခြေအနေကိုကြည့်ပြီးတော့ တနင်္သာရီတိုင်းမှာလည်းပဲ တစ်တိုင်းလုံးပဲ ငြိမ်သက်နေတယ်ဆိုတာမျိုးပဲ ထင်တာလားတော့ မသိဘူးပေါ့လေနော်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာလည်းပဲ တချို့ တချို့သောတိုင်းနဲ့ ပြည်နယ်လောက် မြို့သိမ်းတိုက်ပွဲတွေ မရှိဘူးဆိုပေမယ့် မြေပြင်မှာကတော့ တော်လှန်ရေးအင်အားစုတွေကတော့ နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဒရုန်းနဲ့ တိုက်ခိုက်တဲ့ဟာတွေပေါ့လေနော်။ ဒီလိုမျိုးလည်း ရှိနေတာကို နိုင်ငံတကာက မသိမြင်တဲ့ပုံစံမျိုးဖြစ်နေလို့ သူတို့အနေနဲ့ နားလည်မှုလွဲမှားပြီးတော့ ကျွန်တော်တို့ ဘက်ကို အထောက်အပံ့ပြုတဲ့နေရာမှာ အထောက်အကူပေးတဲ့နေရာတွေမှာ နည်းတယ်လို့ပဲ ဒီလိုမျိုးသုံးသပ်တာပေါ့လေနော်။

ဖြေ ။ လောလောဆယ်ကတော့ ကျွန်တော်ကတော့ ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်ပဲတင်ထားတော့လေ မက်ဆင်ဂျာကနေ လာရောက်ဆက်သွယ်လို့လည်း ရတာပေါ့။ နောက်တစ်ခုကလည်းပဲ ဝန်ကြီးဌာနအစည်းအဝေးမှာလည်းပဲ ကျွန်တော်တို့က အမြဲတမ်းတင်ပြနေတာပေါ့နော်။ တနင်္သာရီတိုင်းရဲ့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကို။ ပြီးခဲ့တဲ့အပတ် အစည်းအဝေး မှာလည်း ကျွန်တော်တို့တင်ပြခဲ့တော့ ဝန်ကြီးဌာနနဲ့ တနင်္သာရီတိုင်းက တိုင်းကျန်းမာအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ကျန်းမာရေး ဝန်ထမ်းဖိတ်ခေါ်မယ့်အစီအစဉ်တစ်ခုကိုလည်းပဲ လုပ်ဖို့ရှိတယ်လို့ ဝန်ကြီးဌာနဘက်က ပြောသွားတာရှိတယ်။ ကျွန်တော့်အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာကတော့ ဒီဝန်ကြီးဌာနနဲ့ တနင်္သာရီတိုင်းကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေကို ဖိတ်ခေါ်တဲ့အခါကျတော့လည်းပဲ CDM ကျန်းမာရေး သူရဲကောင်းတွေအနေနဲ့လည်းပဲ ကျွန်တော်တို့ တနင်္သာရီတိုင်းကို လာရောက်ပြီးတော့ ကူညီပြီးထမ်းရွက်ပေးကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာ ပေါ့လေနော်။ ကျွန်တော်တို့ကြိုးစားနေတာကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာပဲ။

ဖြေ ။ ဖေ့ဘုတ်မှာ ကျွန်တော်မေတ္တာရပ်ခံထားသလိုပေါ့နော်။ ကျွန်တော်တို့က ဆယ်လီတွေလည်း မဟုတ်တဲ့အတွက် ကြောင့် သိမှုနယ်ပယ် နည်းနည်းကျဉ်းမြောင်းတာပေါ့လေ။ ကျွန်တော့်ရဲ့ အသိမိတ်ဆွေတွေကလည်း ထပ်ဆင့်ပြီးတော့ ပေါ့လေ တနင်္သာရီတိုင်းမှာ CDM ကျန်းမာရေးသူရဲကောင်းတွေရဲ့ အသိမိတ်ဆွေတွေ ရှိမယ်ဆိုရင်လည်းပဲ ကျွန်တော်တို့ တနင်္သာရီ တိုင်း မြေပြင်မှာလာပြီးတော့ တာဝန်ထမ်းရွက်ပေးဖို့ တိုက်တွန်းနှိုးဆော်ချင်တာပေါ့လေနော်။ အဓိကကတော့ CDM ဖြစ်ဖို့ လိုတယ်။ လာရောက်ပြီးတာဝန်ထမ်းဆောင်မယ့် ကျန်းမာရေးဝန်ထမ်းတွေကိုတော့ ကြိုဆိုလျက်ပါ။ လာရောက်မယ်ဆိုရင်လည်း ကျွန်တော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ မြေပြင်မှာလိုအပ်ချက်တွေကိုတော့ အတတ်နိုင်ဆုံးတော့ ပေါင်းစပ်ညှိနှိုင်းပြီးတော့မြေပြင်က တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့တော့ အဆင်သင့်ရှိပါတယ်။

DW ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။