BREAKING
September 16, 2024

ထိုင်းထုတ် စားသုံးဆီဈေးဆက်တိုက်ကျလာသည့် ထားဝယ်ဈေးကွက်

September 7, 2024

ထားဝယ်ဈေးကွက်တွင် ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသုံးဆီဈေးများ ဆက်တိုက်ကျလာသည်။

ပြီးခဲ့သည့်လက ဒေါ်လာဈေး၊ ဘတ်ဈေး ဆက်တိုက် ထိုးတက်ခဲ့သောကြောင့် ဩဂုတ်လ ၁၆ ရက်နေ့တွင် ပုစွန်တံဆိပ်၊ ပဲလုံးတံဆိပ် စားသုံးဆီ တစ်လီတာ ကျပ် ၁၂၅၀၀ အထိ ဈေးအမြင့်ဆုံးတက်ခဲ့သည်။

စက်တင်ဘာလ ၆ ရက်တွင်မူ ပဲလုံး တံဆိပ် စားသုံးဆီ တစ်လီတာလျှင် ၉၀၀၀ကျပ် ပုစွန်တံဆိပ် တစ်လီတာ ၈၀၀၀ကျပ်သို့ အသီးသီးဈေးကျသွားသည်။

ဘတ်ဈေးအနည်းငယ်ပြန်ကျလာသည့်အတွက်ကြောင်း သုံးပတ်အတွင် ပဲလုံး တံဆိပ် ဆီ တစ်လီတာလျှင် ၄၅၀၀ကျပ်၊ ပုစွန်တံဆိပ်ဆီ တစ်လီတာလျှင် ၃၅၀၀ကျပ်သို့ ဈေးပြန်ကျသွားခြင်းဖြစ်သည်။

ယင်းအပြင် ကျူကုတ်ကြက်သွန်ဖြူဈေးမှာလည်း ပြီးခဲ့သည့်အပတ်က တစ်ပိဿာ ၂၁၀၀၀ကျပ်စျေးရှိရာမှ စက်တင်ဘာလ ၆ရက်တွင် နှစ်သောင်းကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ကျူကုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် တစ်ထောင်ကျပ် ဈေးကျသွားသည်။

ရွှေအပ်ငရုတ်သီးအခြောက်မှာ ပြီးခဲ့သည့်သီတင်းပတ်ကထက် တစ်ပိဿာလျှင် ၁၅၀၀ကျပ် ဈေးတက်သွားသည်။

ယင်ခင်အပတ်က ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာဈေးနှုန်း ၁၃၀၀၀ကျပ်သာရှိရာမှ စက်တင်ဘာလ ၆ရက်တွင် ၁၄၅၀၀ကျပ်သို့ ဖြစ်လာသည်။

ရေထွက်ကုန်ဈေးကွက်တွင် ပုစွန် အဝင်မရှိဘဲ ပြတ်လတ်နေကြောင်း ထားဝယ်ရေထွက်ကုန် ပစ္စည်း ဈေးကွက်ထံမှ စုံစမ်းသိရသည်။

ကင်းမွန်ရာသီအစဖြစ်သည့်အတွက် ကမ်းနီးငါးဖမ်းလှေအများစုမှာ ရာသီ‌ပေါ် ကင်းမွန် ငါးဖမ်းရန် ပြင်ဆင်လာသောကြောင့် ယခုသီတင်းပတ်တွင်ပုစွန်အဝင်မရှိသလောက်ဖြစ်နေခြင်းဖြစ်သည်။