BREAKING
December 24, 2024

ဆန်၊ ဆီဈေးဆက်တက်ပြီး ကြက်သွန်ဈေးကျလာသည့် ထားဝယ်ဈေးကွက်

June 7, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ဆန်၊ ဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေး အနည်းငယ်ကျလာသည်။

မေလ ၂၄ ရက်နေ့ကစပြီး ထားဝယ်ဈေးကွက်တွင် ဆန်ဈေးမှာ ဆက်တိုက်တက်နေသည်။

မေလ ၂၄ ရက်နေ့က အကယ်ဒမီ ရက်ကိုးဆယ် ဆန်ကြမ်း တစ်အိတ်လျှင် ၁၁၄,၀၀၀ကျပ် စျေးရှိပြီး မေလ ၃၁ ရက်နေ့တွင် ၁၁၅,၀၀၀ကျပ်၊ ယနေ့ ဇွန်လ ၇ရက်တွင် ၁၁၆,၀၀၀ ကျပ် ဖြစ်လာသည်။

နှစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၂၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ထိုနည်းအတူ အောင်သီဟတံဆိပ် ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် မေလ ၂၄ ရက်နေ့က ၁၈၀,၅၀၀ ကျပ်စျေးရှိရာမှ မေလ ၃၁ ရက်နေ့တွင် ၁၈၁,၅၀၀ကျပ်၊ ယနေ့ ၁၈၅,၀၀၀ ကျပ်ဖြစ်လာသည်။

နှစ်ပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ၄၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ဆက်တိုက်တက်နေသည့် ဆန်ဈေးနှင့်အတူ ထားဝယ်ဈေးကွက်တွင် ယခုအပတ်အတွင်း စားသုံးဆီ ဈေးပါထပ်ပြီး ဈေးတက်လာသည်။

ယခင်အပတ်က ပြည်တွင်းထုတ် ဇွဲတံဆိပ်ပဲဆီ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ် စျေးရှိရာမှ ယနေ့ တွင် ၁၇၆၀၀ကျပ်၊ နှမ်းဆီတစ်လီတာလျှင် ၉၄၅၀ကျပ်မှ ယနေ့ ၁၀၄၅၀ကျပ်ဖြစ်သွားသည်။

တစ်ပတ်အတွင်း ဇွဲတံဆိပ် ပဲဆီတစ်ပိဿာလျှင် ၆၀၀ကျပ် ဈေးတက်သွားသလို နှမ်းဆီတစ်လီတာလျှင် ၁၀၀၀ကျပ် ဈေးတက်သွားသည်။

ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းမှာ ယခင်အပတ်ကထက် တစ်ပိဿာလျှင် ၆၀၀ကျပ် ဈေးပြန်ကျလာသည်။

ယခင်အပတ်က ရိုးရိုးကြက်သွန်နီတစ်ပိဿာလျှင် ၃၂၀၀ကျပ်မှ ယနေ့ ၂၆၀၀ကျပ်သာ စျေးရှိတော့သည်။

ထိုနည်းအတူ ကြက်သွန်ဖြူ ထူးလေး အမျိုးအစားမှာလည်း ယခင်အပတ်ကထက် တစ်ပိဿာ ၁၁၀၀ကျပ် ဈေးပြန်ကျလာသည်။

ယခင်ပတ်က ကြက်သွန်ဖြူထူးလေး တစ်ပိဿာဈေးမှာ ၁၂၅၀၀ကျပ်မှ ယနေ့ ၁၁၄၀၀ကျပ်သာ စျေးရှိတော့သည်။

မိုးထောင်ငရုတ်သီးခြောက်ဈေးမှာ မေလ ၂၄ ရက်နေ့ကစပြီး ယနေ့အထိ နှစ်ပတ်အတွင်း တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဈေးတက်လာသည်။

မေလ ၂၄ ရက်နေ့က မိုးထောင်ငရုတ်ခြောက်တစ်ပိဿာ ၁၀၅၀၀ကျပ်စျေးရှိရာမှ ယနေ့ ၁၂၀၀၀ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။