BREAKING
January 11, 2025

သုံးပတ်ဆက်ဈေးငြိမ်နေသည့် မြိတ်ကုန်စည်ဈေးကွက်

April 7, 2023

မြိတ်ကုန်စည်ဈေးကွက်တွင် ကုန်ဈေးနှုန်းများ သုံးပတ်ဆက်တိုက် တည်ငြိမ်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ လမကုန်မီ နှစ်ပတ်မှစပြီး ဧပြီလ ပထမအပတ်အထိ စားသောက်ကုန်ဈေးနှုန်း အများစုမှာ ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်သည်။

အပြောင်းအလဲအနေဖြင့် ဆယ်ပိဿာပါ စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ပြီးခဲ့သည့် နှစ်ပတ်က ၆၅၀၀၀ ကျပ်မှ ၆၄၅၀၀ ကျပ်နှုန်း၊ ယင်းနောက် ယခုအပတ်တွင် ၆၄၀၀၀ ကျပ်နှုန်းဖြင့် တစ်ပတ်လျှင် ၅၀၀ ကျပ်နှုန်း ကျဆင်းလာခဲ့သည်။

ကုန်စည်ဈေးကွက်ဇယားတွင် ဖော်ပြထားခြင်း မရှိသေးသည့် ဝက်သား (ပေါင်သားသီးသန့်) တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်အထိ ရှိနေခဲ့သည်။

မော်တော်ဆိုင်ကယ်တွင် အသုံးများသည့် ၉၂ အောက်တိန်း ဓာတ်ဆီတစ်လီတာလျှင် ယခင်အပတ်က ၂၃၇၅ ကျပ်နှုန်းမှ ယခုအပတ်တွင် ၂၄၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။

ကုန်စည်တို့အနက် အရေးပါဆုံး အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးနှုန်းအပြင် ကုန်စည်အများစုမှာ ဈေးနှုန်း တည်ငြိမ်နေဆဲဖြစ်သည်။ ဈေးကွက်ထဲ ကုန်စည်များ ပေါပေါများများရှိနေသဖြင့် ဈေးမတက်သေးခြင်းဖြစ်သည်ဟု ဆိုသည်။