ထားဝယ်မြစ်ကမ်းနား ၊ သဲပြင်ကွင်း ပန်းခြံမှာ မြင်ရတဲ့ နေဝင်ဆည်းဆာ မြင်ကွင်းနဲ့ လာရောက်အပန်းဖြေနေသူတွေရဲ့ မြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁ဝ ရက်က စစ်ကောင်စီက စစ်မှုမထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက်မှာ လူငယ်အများစု အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်သွားတာကြောင့် ကမ်းနားလမ်းအပါအဝင် ထားဝယ်မြို့က အပန်းဖြေတဲ့ နေရာအများစုမှာ လူငယ်တွေ လာရောက်လည်ပတ်တာ နည်းသွားတယ်လို့ မြို့ခံတွေကဆိုပါတယ်။
ဒါ့အပြင် ည ၇ နာရီဝန်းကျင် ကတည်းက လူခြေတိတ် နေပြီဖြစ်ကြောင်း မြို့ခံတွေဆီကသိရပါတယ်။










