BREAKING
September 19, 2024

စပိန်နဲ့ ပေါ်တူဂီပဲ ကွာတားဖိုင်နယ် တက်ပါလိမ့်မယ်

December 6, 2022

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့် နောက်ဆုံးပွဲစဉ် နှစ်ပွဲကို ယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။

ဒီနေ့ပွဲစဉ်တွေအကြောင်းကို ပြောရမယ်ဆိုရင် ပေါ်တူဂီနဲ့ စပိန်ဘက်ကို ဦးတည်ရမှာပါပဲ။

ဘာကြောင့်လဲဆိုတော့ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ ဒီနှစ်သင်းက အရှုံးရလဒ်တွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။

ပေါ်တူဂီကတော့ အုပ်စုဗိုလ်အဖြစ်နဲ့ ဒီအဆင့်ဆီ ရောက်လာနိုင်ခဲ့ပါတယ်။

အုပ်စုဗိုလ်နေရာကို ပေါ်တူဂီ ရအောင်ယူခဲ့တဲ့အချက်က ဘရာဇီးကို ရှောင်ချင်လို့ပါပဲ။

စပိန်ကတော့ ဂျပန်ကို အရှုံးခံပြီး မော်ရိုကိုနဲ့တွေ့အောင်ကို ဖန်တီးခဲ့တာပါ။

ဒီတော့ ပေါ်တူဂီနဲ့ စပိန်တို့ဟာ ကိုယ်တွေ့ချင်တဲ့ပြိုင်ဘက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွေးယူခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။

ဒီနေ့မှာ ရလဒ်ကောင်းတွေရယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီ ဒီနှစ်သင်း တက်လှမ်းနိုင်လေမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါပဲ။

Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။
https://anchor.fm/dawei-watch/episodes/ep-e1rqsb2

Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။
https://youtu.be/Juk0vLiKBM8