BREAKING
September 16, 2024

လောင်းလုံး သဘော့ဆိပ်ပြင်ကြီးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

September 6, 2024

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးရွာတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တို့ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းတည့်ပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်ကစပြီး တစ်နာရီကျော်အကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်သံများကြားရကြောင်း ဒေသခံတို့က ဆိုသည်။

“အခု ၂ နာရီလောက်မှာ အသံတိတ်သွားတယ်။ လက်နက်ကြီးသံတွေ ကြားရတာများတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက Dawei Watch သို့ ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သည် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာများကို ဝင်ရောက်ပြီး ယာယီ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တပ်စွဲ ဝင်ရောက်နေထိုင်ပြီးနောက် ၁၀ ရက်အကြာမှာ ယနေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ကျောက်ဆင် ငါးရွာအုပ်စုရှိ ဒေသခံများမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။