BREAKING
January 23, 2025

ဆန်၊ ကြက်သွန်၊ ငရုတ်ဈေးနည်းနည်းကျသော်လည်း အသားဈေးမြင့်လာသည့် ထားဝယ်ဈေးကွက်

July 6, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ဆန်နှင့်ကြက်သွန်ဈေး အနည်းငယ်ကျလာပြီး ကြက်သားနှင့်ဝက်သားဈေးနှုန်းများ မြင့်တက်လာသည်။

ယခင်အပတ်က ဖျာပုံပေါ်ဆန်း(ဆန်ချော)တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်မှ ယနေ့ ၁၄၆၀၀၀ကျပ် ဖြစ်သွားသည်။

တစ်ပတ်အတွင်း ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၄၀၀၀ကျပ် ဈေးကျသွားသည်။

ကြက်သွန်နီလည်း ဈေးအနည်းငယ်ကျလာပြီး ယခင်အပတ်က ကြက်သွန်တစ်ပိဿာ ၃၀၀၀ကျပ်ရှိရာမှာ ယနေ့ ၂၈၀၀ကျပ်သို့ဈေးကျသွားသည်။

တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၂၀၀ ကျပ်ဈေးကျသွားသည်။

မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာဈေးမှာ ယခင်ပတ်က ၁၂၀၀၀ကျပ်မှ ယနေ့ ၁၁၅၀၀ကျပ်ဖြစ်သွားပြီး တစ်ပတ်အတွင်း မိုး ထောင်ငရုတ်‌ ခြောက်တစ်ပိဿာ ကျပ် ၅၀၀ ဈေးကျသွားသည်။

ဆန်၊ကြက်သွန်၊ငရုတ်ဈေးများ ကျဆင်းနေသော်လည်း အသား ဈေးနှုန်းများမြင့်တက်လျက်ရှိသည်။

ယခင်အပတ်ကြက်သား တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ယနေ့ ၁၈၀၀၀ကျပ်၊ဝက်သားတစ်ပိဿာဈေးမှာ ၁၅၀၀၀ကျပ်မှ ယနေ့ ၂၀၀၀၀ကျပ်အထိ ဈေးတက်သွားသည်။

တစ်ပတ်အတွင်း ကြက်သားတစ်ပိဿာ ၅၀၀၀ကျပ်၊ဝက်သားတစ်ပိဿာ ၅၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။