BREAKING
April 7, 2025

ငလျင်ဒဏ်သင့် မြန်မာကျောင်းသားများကို ဟန်ဆန်းတက္ကသိုလ်က ပညာသင်ဆု ပေးမည်

April 6, 2025

တောင်ကိုရီးယားအခြေစိုက် ဟန်ဆန်းတက္ကသိုလ် (Hansung University)သည် မြန်မာ့ငလျင်ဒဏ်သင့်နေရာများမှ ကျောင်းသားများကို ပညာသင်ဆုပေးမည်ဟု ကမ်းလှမ်းလိုက်ကြောင်း Korea JoongAng Daily သတင်းမီဒီယာက ဖော်ပြထားသည်။

ငလျင်ဒဏ်သင့်နေရာများရှိ ပညာထူးချွန်ကျောင်းသားများ၊ ငလျင်ဒဏ်ကြောင့် မိသားစုအခြေအနေ အခက်အခဲဖြစ်သွားခဲ့ရသော ထူးချွန်ကျောင်းသားများ၊ ငလျင်ကြောင့် ဘဝရပ်တည်ရေးခက်ခဲသွားသော ထူးချွန်ကျောင်းသားများကို ဟန်ဆန်းတက္ကသိုလ်(Hansung University)က ပညာသင်ဆုပေးမည်ဟု ဆိုသည်။

ဟန်ဆန်းတက္ကသိုလ်(Hansung University)သည် တောင်ကိုရီးယား အရှေ့တောင်ပိုင်းစီရင်စုခရိုင်များတွင် ဖြစ်ပွားသွားခဲ့သော တောမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် အဆင်မပြေဖြစ်သွားခဲ့ရသည့် ပညာထူးချွန်ကျောင်းသားများနှင့် မြန်မာ့ငလျင်ဘေးကြောင့် ပညာဆက်လက်သင်ကြားရန် အခက်ကြုံသွားရသည့် ထူးချွန်ကျောင်းသားများကို ပညာသင်ဆုပေးအပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အချက်အလက်များနှင့်ကိုက်ညီသောကျောင်းသားများသည် ဧပြီလ ၁၀ ရက်မှ မေလ ၉ ရက်အတွင်း ပညာသင်ဆုလျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်များကို တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဟုလည်း ဟန်ဆန်းတက္ကသိုလ်(Hansung University)က အသိပေးထားသည်။

ကျောင်းသားများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံဆုံရင်ဆိုင်ခဲ့ရမှုများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဘဝအခက်အခဲ ကြုံတွေ့ရမှုများနှင့် ပညာဆက်လက်သင်ကြားရန်အတွက် မည်သို့အခက်ကြုံနေရပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများနှင့် အမှန်တကယ်ရင်ဆိုင်ခဲ့ရသော မိသားစုဖြစ်ကြောင်းများကို အတည်ပြုစာရွက်စာတမ်းများ တင်သွင်းရမည်ဖြစ်သည်။

အဆိုပါ တင်ပြသည့်အချက်အလက်မျာအပေါ်တွင်မူတည်၍ ဟန်ဆန်းတက္ကသိုလ်(Hansung University)ဘက်က ပညာသင်ဆု ပေးအပ်သင့်၊ မသင့်ကို အကဲဖြတ်ကာ ဆုံးဖြတ်ချက်ချမှတ်ပေးသွားမည်ဟု ဆိုသည်။

Source : Korea JoongAng Daily