BREAKING
February 24, 2025

သင်္ဃန်းညီနောင်စစ်ဗျူဟာက စစ်ကောင်စီတပ် အရာရှိ ၇၀နီးပါးအပါအဝင် ခြောက်ရာကျော်လက်နက်ချဟု KNUထုတ်ပြန်

April 6, 2024

အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို သိမ်းယူရာတွင် အရာရှိ ၆၇ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၇ ဦး လက်နက်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။

ယင်းအပြင် ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ဦးလည်း လက်နက်ချရာတွင်ပါဝင်ရာ လက်နက်ချသည့် အရာရှိအဆင့်၊ တပ်သားများ၊ ရဲမေများနှင့် တပ်မိသားစုဝင်များ စုစုပေါင်း ၆၁၇ ဦး ရှိကြောင်း ဖော်ပြသည်။

စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလ ၅ရက် နံနက် ၈နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး မွန်းလွဲ ၁နာရီခန့်တွင် သိမ်းယူနိုင်ခဲ့ကြောင်း KNU က ဆိုသည်။

အဆိုပါစစ်ဗျူဟာကို မြန်မာစစ်တပ်က ၁၉၆၈ ခုနှစ်တွင် အခြေချခဲ့ခြင်း ဖြစ်ပြီး ၅၆ နှစ်အကြာတွင် ပြန်လည်သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်မြောက်များစွာကို သိမ်းပိုက်ရရှိကြောင်းလည်း ဖော်ပြသည်။