မကြာမီ ကျရောက်တော့မည့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရေး စစ်ကောင်စီက အားခဲလုပ်ဆောင်နေပြီး ထားဝယ်မြို့ထဲတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေသည်ကို ဧပြီလ ၅ ရက်နေ့က တွေ့မြင်ရစဉ်။
ယခုနှစ်တွင် ထားဝယ်မြို့တွင်းတွင် သင်္ကြန်မဏ္ဍပ်သုံးခုနှင့် မြို့ပြင်မှာတစ်ခု စုစုပေါင်း လေးခုခန့်သာရှိကြောင်း တွေ့မြင်ရသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နားတွင် ဗဟိုမဏ္ဍပ်၊ ဖိုးသီးချိုကလေးကစားကွင်းနားတွင် မဏ္ဍပ်တစ်ခု၊ တိုင်းအစိုးရဖွဲ့ရုံး ဆောက်လုပ်ရေးဦးစီးဌာနရုံးဝင်းတွင် မဏ္ဍပ်တစ်ခုနှင့် ထားဝယ်အဝေးပြေးဝင်းဘက် သွားသည့်လမ်းတွင် တပ်နယ်မဏ္ဍပ်တစ်ခု အားလုံးပေါင်းလေးခုသာ ရှိမည်ဟု သိရသည်။









