စပိန်နိုင်ငံ ၊ ဘာစီလိုနာမြို့တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့မိုဘိုင်းဖုန်းညီလာခံ(MWC)တွင် အိမ်မွေးတိရစ္ဆာန်များအတွက် အထူးစီမံထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းကို တရုတ်ကုမ္ပဏီတစ်ခုက မိတ်ဆက်ပြသလိုက်သည်။
PetPhone ဟု အမည်ပေးထားသည့် အဆိုပါ စမတ်ဖုန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် GlocalMe က ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။
ယင်းစမတ်ဖုန်းတွင် အိမ်မွေးတိရစ္ဆာန်များ၏ စိတ်အခြေအနေကို နားလည်စေနိုင်မည့် PawTalk ဟု အမည်ပေးထားသော စွမ်းဆောင်ရည်ကို ထည့်သွင်းထားသည့်အပြင် ပိုင်ရှင်များအနေဖြင့် အိမ်မွေးတိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်မည့် အသံစနစ်လည်း ပါဝင်သည်။
အိမ်မွေးတိရစ္ဆာန်များအတွက် စိတ်အပန်းပြေစေနိုင်မည့် သီချင်းများလည်း ဖွင့်ပေးနိုင်သည်။
GPS၊ AGPS ၊ LBS ၊ Wi-fi ၊ Bluetooth နည်းပညာတို့ဖြင့် မိမိအိမ်မွေးတိရစ္ဆာန်ရောက်ရှိနေသည့် တည်နေရာကို ခြေရာခံနိုင်သည့်စနစ်လည်း ပါဝင်သည်။
အစာကျွေးခြင်းနှင့် လေ့ကျင့်ခန်း အချိန်ဇယား အပါအဝင် အိမ်မွေးတိရစ္ဆာန်များ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်များအတွက် စိတ်ကြိုက်ပြင်ဆင်နိုင်သည့် စနစ်လည်း ပါဝင်သည်။
အိမ်မွေးတိရစ္ဆာန်အတွက် ပုံမှန်ကျန်းမာရေးအကြံပြုချက်များကိုပါ ထည့်သွင်းပေးထားသည်။
ယင်းစမတ်ဖုန်းတွင် 5200 – mph ဘက်ထရီနှင့် 50 MP ကင်မရာ ပါဝင်ပြီး ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အသုံးပြုနိင်ရန် ထုတ်လုပ်ထားကြောင်း သိရသည်။
Source: Mashable India