Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ သုံးရက်ဆက်ဗုံးကြဲခဲ့တဲ့အကြောင်း
- မြိတ်-တနင်္သာလမ်းပိုင်း ရက်ရှည်ပိတ်နေလို့ ဘုတ်ပြင်းမှာ ဆန်အပါအဝင် ကုန်ပစ္စည်းဈေးတက်နေတဲ့ သတင်း
- ထားဝယ်မှာ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးနဲ့ တပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံတဲ့အကြောင်း
- ပုလောမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရတဲ့သတင်း
- တိုက်ပွဲတွေကြောင့် ငါးနီတူခြောက် စျေးတက်နေတဲ့အကြောင်း
- ကုန်ကားပေါ် ပြောင်းစေ့တွေထဲ ပုန်းပြီးလိုက်လာတဲ့ မြန်မာ ၈ ဦး အဖမ်းခံရတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။