BREAKING
January 9, 2025

မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်းများကို AA သိမ်းလိုက်ပြီဟု သတင်းထွက်

February 6, 2024

ပုံစာ - မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်း သုံးခု။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသဖြင့် တပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ဟု သတင်းထွက်ကြောင်း ဒေသတွင်းသတင်းများနှင့် ဒေသခံအချို့ထံမှ သိရသည်။

မင်းပြားမြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်း သုံးရင်းရှိသည်။ ယင်းအနက် ခမရ ၃၈၀ တပ်ရင်းကို ဇန်နဝါရီလ ၂၈ ရက်တွင် AA က သိမ်းယူခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၆ရက်တွင် မင်းပြားမြို့ရှိ တပ်ရင်းများက စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော် လက်နက်ချကြပြီး ဌာနဆိုင်ရာ အကြီးအကဲအပါအဝင် မိသားစုဝင်များပါဆိုလျှင် လူငါးရာကျော်ရှိကြောင်း ဒေသတွင်းသတင်းဌာနတစ်ခု ဖြစ်သည့် နိရဉ္စရာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဒေသခံအချို့ထံ ဆက်သွယ်မေးမြန်းချက်အရလည်း မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို AA က သိမ်းယူလိုက်ပြီဟု ယနေ့ မွန်းလွဲ ၁နာရီကျော်က ပြောသည်။

မြောက်ဦးနှင့် ကျောက်တော်မြို့တို့ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကိုလည်း ယခုရက်ပိုင်းအတွင်း AA က သိမ်းယူခဲ့သည်။

မြောက်ဦးမြို့တွင် ခြေမြန်တပ်ရင်း ခမရ ၃၇၈ တပ်ရင်းကို ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

မြောက်ဦးမြို့တွင် တပ်ရင်းသုံးခုရှိသည့်အနက် ခမရ ၅၄၀ တပ်ရင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိမ်းယူခဲ့သဖြင့် မြောက်ဦးတွင် ခမရ ၃၇၇ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့သည်။

ကျောက်တော်မြို့တွင် စကခ (၉) လက်အောက်ခံ ခမရ ၃၇၆ တပ်ရင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်း AA က ဆိုသည်။

ကျောက်တော်မြို့တွင် စကခ (၉) အပါအဝင် ခမရ ၃၇၄၊ ၃၇၅ နှင့် ၃၇၆ တပ်ရင်းများ ကျန်ရှိသည်။ ယင်းအနက် ခမရ ၃၇၄နှင့် ၃၇၆ တပ်ရင်းတို့ကို AA က သိမ်းထားခြင်းဖြစ်သည်။